ဟင်္သာတ ဒီဇင်ဘာ ၂၇

 

ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးမျိုးညွန့်သည် ရုံးအဖွဲ့မှူး ဦးကျော်စိုးညွန့်၊ ဟင်္သာတခရိုင်တရားသူကြီး ဒေါ်အေးအေးခိုင်တို့ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက ဟင်္သာတအကျဉ်းထောင်အား ကြည့်ရှုစစ်ဆေးရာ အကျဉ်းထောင်တာဝန်ခံအရာရှိက အကျဉ်းထောင်အတွင်း အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများသည် အကျဉ်းထောင်အတွင်း အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူများ နေထိုင်သည့် အဆောင်များနှင့် စားဖိုဆောင်၊ ဆေးပေးခန်းနှင့် စာကြည့်တိုက်တို့ကို လှည့်လည်ကြည့်ရှုကာ လည်းကောင်းတို့၏ ဥပဒေပါအခွင့်အရေးများ ရရှိခြင်း ရှိ/မရှိ၊ နေရာထိုင်ခင်း သက်သာချောင်ချိမှု ရှိ/မရှိ၊ အစာအဟာရ သင့်တင့်မျှတစွာ ရှိ/မရှိ၊ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေနှင့် အသက်မွေးဝမ်းကြောင်း အတတ်ပညာ သင်ကြားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး မေးမြန်းဆွေးနွေးခဲ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် အကျဉ်းထောင်ရှိ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

ကိုကျော်(ဟင်္သာတ)