ဟင်္သာတ ဇူလိုင် ၉
ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဦးဝင်းမြိုင်သည် တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်ထွေးထွေး၊ ဟင်္သာတခရိုင်တရားသူကြီး ဒေါ်အေးအေးခိုင်တို့နှင့်အတူ ယနေ့နံနက်ပိုင်းက ဟင်္သာတအကျဉ်းထောင်အား ကြည့်ရှုစစ်ဆေးရာ အကျဉ်းထောင်တာဝန်ခံအရာရှိက အကျဉ်းထောင်အတွင်း အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးနှင့် အဖွဲ့ဝင်များသည် အကျဉ်းထောင်အတွင်း အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူများ နေထိုင်သည့် အဆောင်များ၊ စားဖိုဆောင်နှင့် ဆေးပေးခန်းတို့ကို လှည့်လည်ကြည့်ရှုကာ ၎င်းတို့၏ ဥပဒေပါအခွင့်အရေးများ ရရှိခြင်း ရှိ/မရှိ၊ နေရာထိုင်ခင်း အဆင်ပြေမှု ရှိ/မရှိ၊ စားသောက်ရာတွင် အဟာရသင့်တင့်မျှတမှု ရှိ/မရှိ၊ ကျန်းမာရေးစောင့်ရှောက်မှု ရ/မရ အခြေအနေများကို ကြည့်ရှုစစ်ဆေးမေးမြန်းခဲ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် အကျဉ်းထောင်တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)


