ပုသိမ်  ၇  သြဂုတ် 

 

ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး  ဒေါ်ယဉ်ယဉ်ဟန်သည် ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိန်းသိန်းဌေး၊ ပုသိမ်ခရိုင်တရားသူကြီး၊ ပုသိမ်မြို့နယ်တရားသူကြီးတို့နှင့်အတူ  ယနေ့ နံနက်ပိုင်းက  အကျဉ်း ဉီးစီးဌာန ပုသိမ်အကျဉ်းထောင်ကို သွားရောက်စစ်ဆေးခဲ့သည်။

 

ထိုသို့စစ်ဆေးရာတွင် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးက အကျဉ်းထောင်လက်စွဲနှင့်အညီ ဆောင်ရွက် ထားမှုရှိအခြေအနေများ၊ အကျဉ်းသား အကျဉ်းသူများ နေထိုင်စားသောက်မှု၊ ကိုးကွယ်မှု၊ ဆေးကုသမှု၊ ဧည့်သည် တွေ့မှုအခြေအနေများ၊ ဥပဒေနှင့်အညီ အယူခံ/ပြင်ဆင်ဝင်ရောက်ရန် အခွင့်အရေးရရှိမှု အခြေအနေနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို စစ်ဆေးခဲ့သည်။  

 

ယင်းနောက် အိပ်ဆောင်များ၊ စားဖိုဆောင်၊ ဆေးပေးခန်း၊ စာကြည့်တိုက်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်ချက်များ မှာကြားခဲ့သည်။

 

ဆက်လက်၍  တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့ မြို့မရဲစခန်းကို ဝင်ရောက် စစ်ဆေးကြပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

မောင်မောင်မြင့်(ပြန်/ဆက်)