မြန်အောင် မေ ၁၇

 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်က မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက် ရသအောင်မြေစာကြည့်တိုက်သို့ ရောက်ရှိပြီး စာကြည့်တိုက် ကော်မတီဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ စာကြည့်ဖွံဖြိုးတိုးတက်ရေးအတွက် အလှူငွေကျပ် သုံးသိန်းနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့သည်။

 

ဆက်လက်၍ အမှတ်(၁)ရပ်ကွက် စနေဆွမ်းကျောင်းတွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းသင်ကြားနေမှုကို ကြည့်ရှုအားပေးစကား ပြောကြားခဲ့သည်။

 

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့ အမှတ်(၂)ရပ်ကွက် မဟာဓမ္မိကာရာမ ကျောင်းတိုက်အတွင်းရှိ နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိ တိုင်တစ်ရာကျောင်းတိုက်သို့ ရောက်ရှိပြီး ရှေးဟောင်းအမွေအနှစ် ကြေးဆင်းတုရုပ်ပွားတော်နှင့် ဗိသုကာလက်ရာများကို ကြည့်ရှုလေ့လာပြီး ဆရာတော် ဘဒ္ဒန္တဓမ္မောဒယအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ဝင်းဗိုလ်(ပြန်/ဆက်)