အင်္ဂပူ မေ ၉
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မေ ၈ ရက် နေ့လယ်ပိုင်းက အင်္ဂပူမြို့နယ်၊ ညောင်ကျိုးကျေးရွာ အ.ထ.က(ညောင်ကျိုး)နှင့် အ.ထ.က(အင်္ဂပူ)တို့၌ ကျောင်းအုပ်ကြီးများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းတွင် တက်ရောက်နေသည့် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းအုပ် ဆရာ၊ ဆရာများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသော ကျောင်းအကျိုးတော်ဆောင်များနှင့် ရပ်မိ၊ ရပ်ဖများမှ ကျောင်းနှင့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကို တင်ပြရာ ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက ဆောင်ရွက်ပေးမည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အ.ထ.က(ညောင်ကျိုး)နှင့် အ.ထ.က(အင်္ဂပူ) ကျောင်းတို့အတွက် တစ်ကျောင်းလျှင် စာရေးကိရိယာများနှင့် ထောက်ပံ့ငွေကျပ် (၂)သိန်းတို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
အလားတူ ဝန်ကြီးချူပ်နှင့်အဖွဲ့သည် ညနေပိုင်း၌ လေးမျက်နှာမြို့နယ် ပညာရေးမှူးရုံး၊ ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ထက်/လယ်/မူ ကျောင်းအုပ်ဆရာဆရာမများ၊ ကျောင်းသားမိဘများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားပြီး မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် မိမိတို့မြို့နယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များမှာကြားကာ စာရေးကိရိယာနှင့် ထောက်ပံငွေကျပ် (၃)သိန်းတို့အား ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြန်/ဆက်