ဇလွန် ဒီဇင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ညောင်ပင်စျေးရပ်ကွက် အင်းကုန်းရွာတွင် နိုင်ငံတော်မှ ဆောင်ရွက်ပေးမှုနှင့် ကျေးရွာမှ ကိုယ်ထူကိုယ်ထ ဆောင်ရွက်ထားသော လျှပ်စစ်မီးလင်းရေးဖွင့်ပွဲသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၁၁ နာရီခွဲခန့်က ဖွင့်လှစ်ပေးခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်သည် ညောင်ပင်စျေးရပ်ကွက် အင်းကုန်းရွာတွင် တပ်ဆင်ထားသော လျှပ်စစ်မီးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျေးရွာဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားသည်။
ညောင်ပင်စျေးရပ်ကွက် အင်းကုန်းရွာတွင် နိုင်ငံတော်မှ ဆောင်ရွက်ပေးသော ၁၁ ကေဗွီလိုင်း ၀.၁၃ မိုင်၊ ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာ ၂၀၀ ကေဗွီအေအတွက် နိုင်ငံတော်မှ စိုက်ထုတ်ကုန်ကျငွေ ကျပ် ၁၆ ဒသမ ၅၅ သန်း၊ ကျေးရွာမှ ကိုယ်ထူကိုယ်ထ ဆောင်ရွက်သော ၄၀၀ ဗို့လိုင်း ၀.၃၄ မိုင်အတွက် ကျေးရွာမှ စိုက်ထုတ်ကုန်ကျငွေ ကျပ် ၁၁.၉၀ သန်းဖြင့် လျှပ်စစ်မီးလင်းရေး ဆောင်ရွက်နိုင်ခဲ့ပြီး အိမ်သုံးမီတာ (၃၉)လုံး သုံးစွဲပြီးကြောင်း သိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)