ကျုံပျော် ဇွန် ၂

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများလိုက်ပါ၍ ဇွန် ၂ ရက် မွန်းလွဲ ၁ နာရီက ပုသိမ်ခရိုင်၊ ကျုံပျော်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု‌နေကို ကြည့်ရှုအားပေးသည်။

ဦးစွာ ဝန်ကြီးချုပ်သည် အ.ထ.က(၁) အောင်ဆန်းခန်းမအတွင်း၌ အသက် (၅)နှစ်မှ (၁၂)အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုအား လှည့်လည်ကြည့်ရှုကာ ကလေးငယ်များနှင့် မိဘများအား နှုတ်ဆက်အားပေးစကား ပြောကြားသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းသိပ္ပံစမ်းသပ်ခန်းသို့ သွားရောက်ကြည့်ရှုရာ ကျောင်းအုပ်ဆရာကြီး ဦးလှနိုင်က သိပ္ပံခန်းသုံးပစ္စည်းများအား လိုက်လံရှင်းလင်းပြသပြီး ဝန်ကြီးချုပ်သည် ကျောင်းတွင်အသုံးပြုရန် စာအုပ်နှင့် စာရေးကိရိယာများ၊ Mask ၊ လက်သန့်ဆေးဘူးများနှင့် အလှူငွေများကို ကျောင်းအုပ်ဆရာကြီထံသို့ ပေးအပ်လှူဒါန်းကာ ကျောင်းနေအရွယ် အလေးများအားလုံး ကျောင်းအပ်နှံ၍ ပညာသင်ကြားနိုင်ရေး၊ ကျောင်းပတ်ဝန်းကျင် သာယာလှပရေး ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ကိစ္စရပ်များကို တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ကျုံပျော်မြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)အတွင်း ကလေးငယ်များအတွက် ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုကို ဇွန် ၂ ရက်မှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းပေါင်း (၃၀)ရှိ ကလေးငယ် ၂၆၈၁ ဦးတို့အား စတင်ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေး ထိုးနှံခြင်းဖြင့် ကလေးငယ်များ ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိခြင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသေဆုံးမှုကို လျှော့ချနိုင်ခြင်း၊ မိသားစုနှင့် ပတ်ဝန်းကျင်ကို ရောဂါကူးစက်ဖြစ်ပွားမှုမှ တားဆီးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)