လေးမျက်နှာ ဇူလိုင် ၂၃

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ သောင်စုကျေးရွာ၊ သောင်ဦးကျောင်းတိုက် ဓမ္မာရုံနှင့် အိုင်သပြုကျေးရွာ၊ မန်းကျောင်းဘုန်းတော်ကြီးကျောင်းတို့တွင် ရေဘေးကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့‌‌ညနေပိုင်းတွင် ပြုလုပ်ခဲ့သည်။

 

ဦးစွာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦး‌‌တင်မောင်ဝင်းနှင့် တာဝန်ရှိသူများက ရှေးဟောင်းသမိုင်းဝင် စတုမုခထူပါရုံစေတီတော် ဘုရားဝန်းအတွင်း မြစ်ရေဝင်ရောက်မှု အ‌ခြေအနများကို ကြည့်ရှုစစ်ဆေးပြီး သောင်စုကျေးရွာ၊ သောင်းဦးကျောင်းတိုက်ဓမ္မာရုံနှင့် အိုင်သပြုကျေးရွာ၊ မန်းကျောင်းဘုန်းတော်ကြီးကျောင်းတို့တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် သောင်စုကျေးရွာ၊ သောင်ဦးကျောင်းတိုက် ဓမ္မာရုံတွင် ယာယီရေဘေးရှောင် အိမ်ထောင်စု (၄၅)စုနှင့် အိုင်သပြုကျေးရွာ၊ မန်းကျောင်းဘုန်းတော်ကြီးကျောင်းတွင် ယာယီရေဘေး‌ရှောင် အိ‌မ်ထောင်စု (၈၆)စုတို့အား အိမ်ထောင်စု တစ်စုလျှင် ဆန်(၃)ပြည်၊ ဆီ(၁)ဘူး၊ ကြက်ဥ(၁၀)လုံး၊ ရေသန့် (၂)ကဒ် စသည့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

 

အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့က အိမ်ထောင်စု (၁၃၁)စုအတွက် ဆန် (၂၁)အိတ်၊ ဆီ (၁၃၁)ဘူး၊ ကြက်ဥ (၁၃၂၀)လုံး၊ ရေသန့် (၂၆၂)ဘူး၊ စာအုပ် (၅၀)ဒါဇင်၊ ခဲတံ (၁၀၀)ချောင်း၊ ဘောပင် (၁၅၀)ချောင်း၊ တိရစ္ဆာန်အစာနု (၁၅)အိတ်ကို‌ ပေးအပ်ခဲ့သည်။

 

မြို့နယ်(ပြန်/ဆက်)