ဇလွန် မေ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၂၄ ရက် ညနေ ၅ နာရီခွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာ၌ မိုးဦးကျလေဦးကျတွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားအောင် စုပေါင်းပြီး ကာကွယ်ကြဖို့လိုကြောင်း၊ ဇလွန်မြို့နယ်အတွင်းရှိ ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုများကို ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာရွှေဝါမြင့်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အခြေအနေနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိ၊ မြို့ဖများ တက်ရောက်ခဲ့ကြသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)