ပုသိမ်၊ ၇ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး အတွင်းတွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ မီးလောင်မှု ၁၈၆ ကြိမ်ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် ဆုံးရှံးမှုမှာ ငွေကျပ် ၂၇၈၁၀၈၇၀၀ ဆုံးရှုံးခဲ့ကြောင်း တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။
အဆိုပါကာလအတွင်း ပုသိမ်ခရိုင်အတွင်း၌ မီးလောင်မှု ၄၆ ကြိမ်၊ ဟင်္သာတခရိုင်တွင် မီးလောင်မှု ၄၃ ကြိမ်၊ မြောင်းမြခရိုင်တွင် မီးလောင်မှု ၁၈ ကြိမ်၊ မအူပင်ခရိုင်တွင် မီးလောင်မှု အကြိမ် ၃၀၊ ဖျာပုံခရိုင်တွင် မီးလောင်မှု ၁၉ ကြိမ်နှင့် လပွတ္တာခရိုင်တွင် မီးလောင်မှု အကြိမ် ၃၀ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှု အများဆုံးနှင့် ဆုံးရှုံးမှုအများဆုံး ခရိုင်မှာ ပုသိမ်ခရိုင် ဖြစ်ကြောင်း တိုင်းမီးသတ်ဦးစီးဌာနမှသိရသည်။
မီးလောင်မှုတွင် မီးဖိုမီးကြောင့် မီးလောင်ခြင်း အများဆုံးဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် လူ ၄ ဦးသေဆုံးပြီး၊ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယခုအခါ ပွင့်လင်းရာသီ ရောက်ရှိနေပြီဖြစ်သဖြင့် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ကြိုတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။
မောင်မောင်မြင့် (ပြန် /ဆက် )


