ပုသိမ်  ၁၅   မေ

 

ဧရာဝတီတိုင်းဒေသကြီး Coronavirous Disease 2029(ကိုဗစ်-၁၉)ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီသည် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉  ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်များကို အရှိန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

 

ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကူးစက်ပြန့်ပွားနေသည့်အတွက် ပြည်သူများအပြင်သို့သွားလာသည့်အခါ ရောဂါကူးစက်မှုမှ ကာကွယ်ရန် တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ပြည်သူများ အပြင်သို့သွားလာရာတွင် နှာခေါင်းစည်း Mask များ အသုံးပြုပြီး သွားလာကြရန်အတွက် မေလ ၁၅ ရက်မှ ၂၀ ရက်အထိ အသိပညာပေးကာလအဖြစ် သတ်မှတ်ပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

အသိပညာပေး သတ်မှတ်ကာလ ကျော်လွန်သည့် မေလ ၂၁ ရက်နောက်ပိုင်းတွင် နှာခေါင်းစည်း မတပ်ဘဲ နေအိမ်ပြင်ပသို့ သွားလာသူများကို စိစစ်တွေ့ရှိပါက နှာခေါင်းစည်း(Mask) ၃ ခုလျှင် ငွေကျပ် ၃၀ဝ၀ နှုန်းဖြင့် ဝယ်ယူစေကာ “ယခုဝယ်၊ ယခုတပ် စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီး အတွင်းရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

မောင်မောင်မြင့်(ပြန်/ဆက်)