ပုသိမ် ၁၀ ဇန်နဝါရီ
ဧရာဂတီတိုင်းဒေသကြီးအတွင်း ၂၀၁၈ ခုနှစ်၌ ပြည်ပခရီသွားများ ယခင်နှစ်ကထက် ပိုမိုဝင်ရောက်လည်ပတ်ခဲ့ကြောင်း ဧရာဝတီတိုင်းဒသကြီး ဟိုတယ်နှင့်ခရီသွားညွှန်ကြားမှုဦးစီးဌာနရုံးမှသိရသည်။
" ကျွန်းတော်တို့ ဧရာဝတီတိုင်းဒသကြီးအတွင်းမှာ ပြည်တွင်းပြည်ပခရီသွားတွေပိုမိုလာရောက်လည်ပတ်နိုင်ဖို့ အတွက်ဖွံ့ဖြိုးဆဲ ခရီးစဉ်နှစ်ခုရှိတယ် ။ ငွေဆောင်နဲ့ ချောင်းသာကမ်းခြေအပန်ဖြေစခန်းရှိတယ်။ အဲ့နေရာ မှာ ခရီးသွားတွေဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုဝင်ရောက်လာတဲ့အတွက်ကြောင့် ကမ်းခြေသာယာလှပရေး၊ သန့် ရှင်း ရေး၊ လျှပ်စစ်မီးရရှိရေး၊ လမ်းပန်ဆက်သွယ်ရေး ကောင်းမွန်စေရန်အတွက် လုပ်ဆောင်နေသလို ခရီသွား ဝန်ဆောင်မှုလုပ်ငန်း၊ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ အဆင့်မြင်ဟိုတယ်များ အသစ်တည်ဆောက်ရေးလုပ်ငန်းနဲ့ လာရောက်အပန်ဖြေမယ့် ခရီသွားတွေအတွက် ဖျော်ဖြေရေးဝန်ဆောင်မှုလုပ်ငန်းတွေ ပေးနိုင်ဖို့အတွက် ဆောင်ရွက်နေပါတယ်" ဟု ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနရုံး တိုင်းဒေသကြီး တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လင်းထွန်းက ပြောသည်။
အဆိုပါ ကမ်းခြေနှစ်ခုတွင် ခရီသွားများ ပိုမိုလာရောက်အပန်းဖြေလာသည့် အတွက်ကြောင့် ကမ်းခြေတွင်ညစ်ညမ်းလာပြီး စည်းကမ်းမဲ့လုပ်ဆောင်မှုများရှိနေကာ ယခုလို ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက ကမ်း ခြေများအနေဖြင့် ကျော်ကြားမှု၊ သန့်ရှင်းသာယာလှပမှု၊ ထင်ရှားမှုများ ထိခိုက်မှုများရှိလာနိုင် သည့်အတွက် ရေရှည် တည်တံ့ခိုင်မြဲစေရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အခြားသောဆက်စပ်အဖွဲ့အစည်း ဟိုတယ်လုပ်ငန်းရှင်များ နှင့်ပူပေါင်းပြီးလုပ်ငန်းများဆောင်ရွက်လျှက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
၂၀၁၇ ခုနှစ်တွင် ပုသိမ်မြို့နယ်အတွင်း ပြည်တွင်ခရီသွားဝင်ရောက်မှု ၇၁၇၃၉ ဦး ၊ ပြည်ပ ၁၃၉၃ ဦး ၊.ချောင်သာကမ်းခြေတွင် ပြည်တွင်း ၇၁၇၃၉ ဦး ပြည်ပ ၁၃၉၃ ဦး ၊ ငွေဆောင်ကမ်းခြေတွင် ၁၈၈၇၆၉ ဦး ၊ ပြည်ပ ၃၃၉၀၇ ဦး ဝင်ရောက်ခဲ့ပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာလအထိ ပုသိမ်မြို့နယ် ပြည်တွင်း ၅၀၁၄၃ ဦး ၊ ပြည်ပ ၇၅၃ ဦး ၊ ချောင်းသာ ၉၆၂၃၆၅ ဦးပြည်ပ ၇၂၂ ဦး ၊ ငွေဆောင်ကမ်းခြေ ပြည်တွင်း ၁၁၈၇၆၈ ဦး ၊ ပြည်ပ ၃၃၄၇၁ ဦးတို့ ဝင်ရောက်ခဲ့ရာမှယခင်နှစ်ထပ်ပိုမိုဝင်ရောက်လာခဲ့ကြောင်း ဧရာဝတီတိုင်းဒသကြီး ဟိုတယ်နှင့်ခရီး သွားညွှန်ကြားမှုဦးစီးဌာနရုံးမှ သိရသည်။
လက်ရှိအနေနဲ့ ငွေဆောင် ၊ ချောင်သာကမ်းခြေအပြင် ဂေါ်ရမ်ဂျီကျွန်း ၊ ရွှေသောင်ယံကမ်းခြေနေရာတွေကို ခရီသွားပိုမိုသွားရောက်လည်ပတ်နိုင်ဖို့ အတွက် လမ်းပန်ဆက်သွယ်ရေးတွေ ပိုမိုကောင်းမွန်လာအောင်ဆောင်ရွက်ပေးနေပါတယ်။ ခရီသွားတွေ လွတ်လွတ်လပ်လပ် လာရောက်လယ်ပတ်နိုင်ဖို့အတွက် ကန့်သတ်ထာတာ တွေမရှိပါဘူး။ ဇုန်ဝင်ကြေးအနေနဲ့လည်း ကောက်ခံတာတွေမရှိဘူး ၊ အခုငွေဆောင်ကမ်းခြေကို လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးထာပြီး နောက်ထပ် ငွေဆောင်ကမ်းခြေကိုလည်း လျှပ်စစ်မီးရရှိအောင်ဆောင်ရွက်ပေး သွားမှာဖြစ်တယ်။ ဒါမှလည်း ဝန်ဆောင်မှုစရိတ်တွေ ကျဆင်းသွားမှာဖြစ်တယ်” ဟု ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လင်းထွန်းက ပြောသည်။
ဦးစီးဌာနအနေဖြင့် လာရောက်လည်ပတ် တည်းခိုနေထိုင်သူတွေများ အဆင်ပြေစေရန် ဟိုတယ်ဝန်ထမ်းများ အား အစားအစာ ချက်ပြုတ်မှုသင်တန်း ၊ အစားအသောက်ဧည့်ခံရေးသင်တန်း ၊ ဧည့်ကြိုသင်တန်းများကို ပို့ချပေးလျှက်ရှိပြီး သဘာဝဘေးအန္တရယ်ကြိုတင်ကာကွယ်ရေးသင်တန်းများကို ဖွင့်လှစ်ပိုချပေးသလို လာရောက်ရင်းနှီးမြုပ်နှံသည့် ဟိုတယ်လုပ်ငန်းရှင်းများအား ရင်းနှီမြုပ်နှံမှုလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ဖို့အတွက်ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရသည်။
တိုင်းဒေသကြီးအတွင်းတွင် ပုသိမ်၊ ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံ၊ မော်တင်၊ ဟင်္သာတ၊ ဘိုကလေးနှင့် မအူပင်ဒေသများတွင် ဟိုတယ် ၈၆ လုံးနှင့် အခန်းပေါင်း ၃၄၅၅ ခန်းတို့ရှိရာ ၂၀၁၉ ခုနှစ်တွင် ဟိုတယ်၊ တည်းခို ရိပ်သာ ၉ ခု၊ အခန်းပေါင်း ၃၈၅ ခန်းတို့ကို အသစ် ထပ်မံဆောက်လုပ်ခွင့်ပေးနိုင်ရန် စီမံဆောင်ရွက် လျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
မင်းထွန်းဇော် ( ၁၂၆)