ပုသိမ် ၄ မတ်

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျင်းပမည့် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကိုယ်အင်္ဂါမသန်စွမ်းနှင့် အကြားအာရုံချို့တဲ့သူ ၂၄ ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။

တိုင်းဒေသကြီးအတွင်း ၂၀၁၈ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ကိုယ်အင်္ဂါ မသန်စွမ်း ၂၄ ဦး ၊ အကြားအာရုံချို့တဲ့သူတစ်ဦးတို့ဖြစ်ပြီး ၂၀၁၉ ခုနှစ် စာမေးပွဲတွင် ကိုယ်အင်္ဂါမသန်စွမ်း ၁၁ ဦး၊ အကြားအာရုံချို့တဲ့သူ ၁၃ ဦးတို့ဝင်ရောက်ဖြေဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

တိုးတက်စေချင်တဲ့ဆန္ဒ

“ဒီနှစ်စာမေးပွဲမှာ ကလေးနဲ့မိဘ တွေအပါအဝင် မေးခွန်းပုံစံပြောင်းမယ်ဆိုပြီး စိတ်ပူပန်နေတာတွေ အများကြီး ရှိနေကြတာကို ကြားရပါတယ်။ အဲ့ဒီအတွက် အားလုံးဟာ တစ်ခုတည်းခံယူထားပေးပါ။ 


အားလုံးဟာလက်တွဲပြီးတော့ပညာရေးရည်မှန်းချက် အောင်မြင်အောင် ဒီထက်မကတိုးတက်ဖို့ လုပ်ဆောင်နေတာဟာ ကဏ္ဍပေါင်းစုံနဲ့သွားဖို့၊ နည်းလမ်းအသွယ်သွယ်ကိုဖြတ်ဖို့ ဘယ်လိုဘယ်နည်း အမျိုးမျိုးနဲ့ ဖြစ်ပါစေ တကယ်ရည်မှန်းချက်က တစ်ခုတည်းပါပဲ။ ပညာဘယ်လိုဖွံ့ဖြိုး တိုးတက်ကောင်းမွန်အောင် လုပ်မလဲဆိုတဲ့ ရည်မှန်းချက်ကိုသွားဖို့ရာဖြစ်တဲ့အတွက် ဘယ်လိုပဲ စနစ်တွေပြောင်း ပြောင်း၊ ဘယ်လိုမူတွေပြောင်းပြောင်း ကောင်းစေချင်၊ တိုးတက်စေချင်တဲ့ဆန္ဒနဲ့လုပ်တာ ဖြစ်ပါတယ်။ အဲဒီပြုပြင်ပြောင်းလဲမှုဟာ အတူလက်တွဲသွားမယ်ဆိုရင် ရည်မှန်းချက်ပန်းတိုင်ဟာ အောင်မြင်မှာဖြစ်ပါတယ်။ ကလေးတွေကိုလည်း အားပေးမှုလုပ်ပေးစေချင်တယ်” ဟု ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာစီစီလှဘူးက ပြောသည်။

ကြီးကြပ်ဆောင်ရွက်ဧရာဝတီတိုင်းဒေသကြီးအနေဖြင့်၂၀၁၈ ခု နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်အတွင်းဖြေ ၆၅၁၁၆ ဦး၊ အပြင်ဖြေ ၂၉၀၅၃ ဦး စုစုပေါင်း ၉၄၁၆၉ ဦး ရှိခဲ့ပြီး ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်အတွင်းဖြေ ၆၈၆၁၄ ဦး၊ အပြင်ဖြေ ၂၆၃၂၆ ဦး စုစုပေါင်း ၉၄၉၄၀ ဦးတို့ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ရာ ယခင်နှစ်ထပ်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ၇၇၁ ဦး တိုးလာကြောင်း တိုင်းဒေသကြီးအတွင်း ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၂၄၈ ခုရှိခဲ့ရာ မှယခုနှစ်တွင် ၂၇၀ အထိ တိုးမြှင့်ဖွင့်လှစ်ထားကြောင်း၊ စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သင်ကြားရေးဆရာ ဆရာမများ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များနှင့်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များပါ လုံခြုံရေး ကြီးကြပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မင်းထွန်းဇော်