ဧရာဝတီတိုင်းဒေသကြီးအတွင်း ယခုနှစ်မိုးရာသီ၌ စိုက်ဧက (၁၀၀၀၀)ကျော်တွင် ပိုက်ဆံလျှော် သစ်စိမ်းမြေသြဇာ စိုက်ပျိုးထည့်သွင်းသွားမည်

ပုသိမ် ၃၀ ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဆန်အိုးကြီး တစ်ခုဖြစ်သည်နှင့်အညီ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိကအသက်မွေးဝမ်းကြောင်းအဖြစ် လုပ်ကိုင်လျက်ရှိပြီး မိုးစပါး ဧရိယာ ၃၇ ဒသမ ဧက သိန်းကျော် နှစ်စဉ် စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။ တိုင်းဒေသကြီးအစိုးရအနေဖြင့် သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် အရည်အသွေးကောင်းမွန်ရေး မြေဆီလွှာ ပြုပြင်သည့် လုပ်ငန်းများကို တောင်သူလယ်သမားများအား နည်းပညာပေး ဆောင်ရွက်လျက်ရှိသည်။

 

ရေရှည် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာများ ထည့်သွင်းရေး ဆောင်ရွက်လျက်ရှိရာ သစ်စိမ်းမြေသြဇာအဖြစ် ပိုက်ဆံလျှော်၊ ပဲမျိုးစုံ၊ ဒန့်ကျွဲ၊ ဉာဏ်ပင်၊ ကုက္ကို(အရွက်)များကို ထည့်သွင်းအသုံးပြုနိုင်မည် ဖြစ်သည်။ ပိုက်ဆံလျှော်သီးနှံသည် အာဟာရဓာတ် အများဆုံးပါဝင်ပြီး အပင်စပေါက်စဉ်မှ ၄၅ ရက်သားအချိန်တွင် အာဟာရဓာတ်အများဆုံး အချိန်ဖြစ်၍ မိုးစပါးမစိုက်ပျိုးမီ ချိန်ဆ၍ ကြိုတင်စိုက်ပျိုးရသည်။

 

၂၀၁၉ ခုနှစ်တွင် ပိုက်ဆံလျှော် သစ်စိမ်းမြေသြဇာ ထည့်သွင်းခြင်းစမ်းသပ်ကွက် (၉၉၃) ဧက စိုက်ပျိုးပြသနိုင်ခဲ့ပြီး စမ်းသပ်ကွက် စိုက်ပျိုးသုံးစွဲသူ တောင်သူများ၏ ပြောကြားချက်အရ ယူရီးယား ဓါတ်မြေသြဇာ ထည့်သွင်းရန် တစ်ကြိမ်လျော့နည်းခြင်း၊ မြေပြုပြင်ခြင်းလည်း ဆောင်ရွက်ရာရောက်ကြောင်း၊ တစ်ဧကလျှင် . တင်းမှ . တင်းအထိ ပိုမိုထွက်ရှိခဲ့ကြောင်းသိရှိရသည်။

 

စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးဇော်က ၂၀၁၉ ခုနှစ်၊ ဆောင်းရာသီတွင် ပိုက်ဆံလျှော်မျိုးစေ့ထုတ် စိုက်ခင်း ၃၉၀ ဧက စိုက်ပျိုးထားကြောင်း၊ အဆိုပါ စိုက်ပျိုးထုတ်လုပ်မှုမှရရှိသည့် မျိုးစေ့ပင်များဖြင့် ယခုနှစ်မိုးရာသီတွင် တိုင်းဒေသကြီးအတွင်း ပိုက်ဆံလျှော် သစ်စိမ်းမြေသြဇာ ထည့်သွင်းခြင်းကို ဧက (၁၀၀၀၀)ကျော်အား စိုက်ပျိုးထည့်သွင်းသွားမည်ဖြစ်ကြောင်း၊ ဧပြီလနောက်ဆုံးပတ်မှစ၍ အဆိုပါ ပိုက်ဆံလျှော် သစ်စိမ်းမြေသြဇာစိုက်ခင်းများ ဆောင်ရွက်လျက်ရှိရာ ဟင်္သာတ၊ ကန်ကြီးထောင့်၊ ဇလွန်၊ ဝါးခယ်မမြို့နယ်များတွင် အများဆုံး စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

 

ကိုတွတ်(ပြန်/ဆက်)