မော်လမြိုင်ကျွန်း    ဇွန်   ၁၀    

 

ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ(ACMECS)အစီအစဉ်အရ ၂၀၂၃ ခုနှစ် မေလမှ ၂၀၂၄ ခုနှစ် ဧပြီလအထိ   “ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိသော ထုတ်ကုန်(အုန်းသီး) တန်ဖိုး ကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင် ထုတ်လုပ်ခြင်းစီမံကိန်း”ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန    မြန်မာကုန်သွယ်မှု    မြှင့်တင်ရေးအဖွဲ့မှ   အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။    စီမံကိန်းအစီအစဉ်အရ  တိုင်းဒေသကြီးအတွင်းရှိ     အုန်းစိုက်ပျိုးထုတ်လုပ်သူများအတွက် စီးပွားဖြစ် အုန်းပင်စိုက်ပျိုးထုတ်လုပ်ခြင်းနှင့်   ကွင်းဆင်းသရုပ်ပြ လေ့ကျင့်ခြင်းသင်တန်းဖွင့်ပွဲကို ဇွန်  ၈ ရက်က မော်လမြိုင်ကျွန်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဖွင့်ပွဲတွင်    မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ    ဦးသီဟဇော်က အမှာစကားပြောကြားပြီး   စားသုံးသူရေးရာဦးစီးဌာန   ဒုတိယညွှန်ကြားရေးမှူး   ဦးထွန်းထွန်းက     သင်တန်းဖွင့်လှစ်ရခြင်း   ရည်ရွယ်ချက်နှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်    စီမံကိန်းအစီအစဉ်များ  ရှင်းလင်းပြောကြားသည်။

 

သင်တန်းကို ဇွန် ၈ ရက်မှ ၁၀ ရက်အထိ သုံးရက်ကြာပို့ချပြီး သင်တန်းသား ၃၀ တက်ရောက်ကြောင်း သိရသည်။          

သွန်း