ပုသိမ်  ၃၀      စက်တင်ဘာ          

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ အခြေခံပညာဦးစီးဌာနနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်း၍ ကလေး စာပေပွဲတော်များကို ကျင်းပလျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် (၂၆)မြို့နယ် ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် သက်ဆိုင်ရာ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်း၍ ကလေး စာပေပွဲတော်များ ကျင်းပသွားမည်ဖြစ်သည်။

 

ယင်းကလေးစာပေပွဲတော်များတွင် ပုံပြော၊ ကဗျာရွတ်၊ ကျပန်း စကားပြော ပြိုင်ပွဲများ၊ စာပေဟောပြောပွဲနှင့်စာပေဆွေးနွေးပွဲ၊ပန်းချီနှင့်ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကား ပုံဆက်၊ အရုပ်ဆက်၊ အိမ်ဆောက်ကစားနည်းများ၊ ဂိမ်းကစားနည်းများ၊ ဖျော်ဖြေရေး အစီ အစဉ်များ၊ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများပြခန်း နှင့် အသိပညာပေးပြခန်းများ၊  ကလေးစာဖတ်ခန်း၊ စာအုပ်အရောင်းဆိုင်များ စသည်တို့ဖြင့် မြို့နယ် တစ်မြို့နယ်လျင် (၂)ရက်တာ ကျင်းပမည် ဖြစ်ကြောင်း ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ မ,တည်ငွေ ဖြင့် တစ်မြို့နယ်လျင် ငွေကျပ်သိန်း(၃၀)စီဖြင့် မြို့နယ်(၂၆) မြို့နယ်အတွက် ငွေကျပ်သိန်းပေါင်း (၇၈၀) မ,တည်၍ စည်ကား သိုက်မြိုက်စွာ ကျင်းပ သွားမည် ဖြစ်ကြောင်း နှင့် ကလေးစာပေပွဲတော်များတွင် နယ်ပယ်ဒေသအသီးသီးမှ ကလေးများ လွတ်လပ်ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ကြောင်းသိရှိရသည်။

 

တိုးဝေဇင်(တိုင်းပြန်/ဆက်)