ညောင်တုန်း ဧပြီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ ဧရာဝတီတိုင်းဒေသကြီးအဝင် ပန်တိုင်ယာဉ် စစ်ဆေးရေးဂိတ်၌ ခရီးသွားပြည်သူများအား နိုင်ငံသားကတ်(မှတ်ပုံတင်) ကိုင်ဆောင်၍ ခရီးသွားလာခြင်း ရှိ/မရှိစစ်ဆေးခြင်းကို ဧပြီ ၁ ရက်က စစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် လိုအပ်ချက်အရ ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် လည်းကောင်း၊ တည်းခိုနေထိုင်ရာနေရာများတွင် လည်းကောင်း၊ နိုင်ငံသားကတ်(မှတ်ပုံတင်) ပြသဆောင်ရွက်ရသည့် လုပ်ငန်းများတွင်လည်ကောင်း တရားဝင်ထုတ်ပေးထားသော နိုင်ငံသားကတ်(မှတ်ပုံတင်) ကိုင်ဆောင်သွားလာခြင်း ရှိ/မရှိကို မအူပင်ခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအေးကိုကိုစု၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ပန်တိုင်ဂိတ် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်/ဆက်)


