ရန်ကုန်  ၃  နိုဝင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များနှင့်ကျေးလက်ဒေသများ၏ လူမှုစီးပွားဘဝများတိုးတက်ဖွံ့ဖြိုးစေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြိုးပမ်းဆောင်ရွက်လျှက်ရှိသည့်နည်းတူ လိုအပ်သော လျှပ်စစ်ဓာတ်အားကိုလည်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ ဖြည့်ဆည်းဆောင်ရွက်လျက်ရှိရာ  ကျောင်းကုန်းမြို့နယ်တွင် 66KV ဓာတ်အားခွဲရုံ တည်ဆောက်၍ 30 MVA လျှပ်စစ်ဓာတ်အားကို ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ထုတ်လုပ်ပေးသွားမည်ဖြစ်ကြောင်း နိုဝင်ဘာ(၁)ရက်နေ့က Ayeyarwaddy integr ated industry Complex ဘက်စုံစီမံကိန်းနှင့် စပ်လျဉ်း၍သက်ဆိုင်ရာကဏ္ဍအလိုက်တင်ပြရာ၌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနမှဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားခဲ့သည်။

 

ဧရာဝတီတိုင်းဒေသကြီးတွင် ပင်မလျှပ်စစ်ဓာတ်အားကို ရေကြည်မြို့နယ်ရှိ (၆၆)KV ဓာတ်အားခွဲရုံမှဖြန့်ဝေပေးလျှက်ရှိပြီးထိုခွဲ ရုံမှ(၃၃)KV ဗို့အားချ၍ ရေကြည်မှကျောင်းကုန်း-ပန်တနော်သို့ဖြန့်ဖြူး ပေးလျှက်ရှိရာ  ဓာတ်အားလိုင်းကြိုးမှာ ၇၀ မီလီမီတာ square အရွယ်အစားဖြစ်ပြီး လက်ရှိဓာတ်အားသုံးစွဲနေသော အိမ်မဲ၊ ကျောင်းကုန်း၊ ပန်းတနော်မြို့နယ်များနှင့်ကျေးလက်ဒေသတို့ ကိုအဆိုပါ ဓာတ်အားလိုင်းကြိုးဖြင့် ဆက်သွယ်ပို့လွှတ်လျက်ရှိသည်။

 

a

 

ဖွံ့ဖြိုးလာသောမြို့နယ်များနှင့် ကျေးလက်ဒေသတို့အတွက် ကျောင်းကုန်းမြို့နယ်တွင်(၆၆)KV ဓာတ်အား ခွဲရုံတစ်ခုကို တည်ဆောက်မည်ဖြစ်ရာအဆိုပါ (၆၆)KV ဓာတ်အားမှ(၃၃)KV ဗို့အားချသော(၃၀)MVA ဓာတ်အားခွဲရုံတစ်ခုကို ((၂၀၁၉-၂၀၂၀)ခုနှစ် ဘဏ္ဍာရေးနှစ်တွင် စတင်တည်ဆောက်မည်ဖြစ်ပြီး ရေကြည် မြို့နယ်မှကျောင်းကုန်းမြို့နယ်သို့သွယ်တန်းမည့်(၆၆)KVဓာတ်အားလိုင်းအား(၂၀၂၀-၂၀၂၁)ခုနှစ် ဘတ်ဂျက်တွင်အကောင်အ ထည်ဖော်ဆောင်ရွက်မည်ဖြစ်၍ ကျောင်းကုန်းဓာတ်အားခွဲရုံ အနေဖြင့်(၃၀)MVA အဆင့်လျှပ်စစ်ဓာတ်အားကို (၂၀၂၀-၂၀၂ ၁) ခုနှစ်တွင် ရရှိမည်ဖြစ်သည်။

 

အိမ်မဲနှင့်ဓနုဖြူမြို့နယ်များ ဖွံ့ဖြိုးတိုးတက်မှုတွင်လည်းအထောက်အပံ့ဖြစ်စေမည့် လျှပ်စစ်ဓာတ်အားရရှိစေရန် ပန်းတနော်မြို့နယ်တွင် ၂၃၀ KV ပင်မဓာတ်အားခွဲရုံတည်ဆောက်ရန် မြေနေရာဖော်ဆောင်လျှက်ရှိပြီး အနာဂတ်တွင်ပန်းတနော်မြို့နယ်၌ ပင်မဓာတ်အားခွဲရုံတစ်ခုကိုလည်း တည်ဆောက်နိုင်ရန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပြည်သူနှင့် စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် နှစ်စဉ်လျှပ် စစ်ဓာတ်အားတိုးမြှင့်ထုတ်လုပ်နိုင်မည့် လမ်းများဖြင့်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ဧရာတိုင်းဒေသကြီး အတွက် မြန်အောင်မြို့မှ လျှပ်စစ်ဓာတ်အားကိုပို့လွှတ်ပေးလျှက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၏ အနာဂတ်ကာလတွင် လျှပ်စစ်ဓာတ်အားတိုးမြှင့် သုံးစွဲနိုင်ရန် မီးလောင်ချိုင့်တွင် သဘာဝဓာတ်ငွေ့ဖြင့် မီဂါဝပ်(၁၀၀၀)ကျော်ထွက်ရှိသော ဓာတ်အားပေးစက်ရုံကြီး တစ်ခုတည်ဆောက်ရန် စီမံဆောင်ရွက်လျက်ရှိသည်။ ယခုဧရာဝတီတိုင်းဒေသကြီးတွင် အသုံးပြုနေသောလျှပ်စစ်ဓာတ်အားသည် လှိုင်သာယာမြို့နယ် ပုသိမ်ကားမကြီးအနီးရှိ လျှပ်စစ်ဓာတ်အား ခွဲရုံမှတစ်ဆင့် အသုံးပြုခြင်းဖြစ်ပြီး လှိုင်သာယာစက်မှုဇုန်များ လျှပ်စစ်ဓာတ်အားသုံးစွဲလာမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးတွင် လျှပ်စစ်ဓာတ်အားတိုးမြှင့်သုံးစွဲနိုင်ရန် ကျောင်းကုန်းမြို့နယ်တွင် 66 KV ဓာတ်အားခွဲရုံ သစ်ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဓာတ်ပုံ - သန်းစိုး

- သန်းထိုက်