နေပြည်တော် ဇူလိုင် ၂၀
ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်၁၉ ရောဂါထိန်းချုပ်ရေး၊ အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကိုဗစ်- ၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြုလုပ်ရာ တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသ ကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး၊ အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်က အမှာစကားပြောကြားပြီး တိုင်းမှူးက လိုအပ်သည်များကို ဖြည့်စွက် မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီး ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေး၊ အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် (၁) ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်းနှင့် တာဝန်ရှိသူများက ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နှင့်တိုင်းမှူးတို့က ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


