ပုသိမ် ဖေဖော်ဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီးနယ်မြေရှိ မဲဆန္ဒရှင်ပြည်သူများကို မြန်မာအီလက်ထရောနစ်မဲ ပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာသည့် အသိပညာပေးအစီအစဉ်ကို ဆောင်ရွက် လျက်ရှိရာ ယနေ့တွင် ငပုတောမြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၉၂) ခုမှ ပြည်သူ (၅၉၅) ဦး၊ ဝါးခယ်မမြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၁၄၅)ခုမှ ပြည်သူ(၈၄၀) စုစုပေါင်း (၁၄၃၅) ဦး တက်ရောက်ပြီး လက်တွေ့စမ်းသပ်မဲပေးလေ့လာကြသည်။
တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများက MEVM စက်ဖြင့် စမ်းသပ်မဲပေးမှု အဆင့်ဆင့်ကို ရှင်းလင်းပြသဆောင်ရွက်ကြပြီး တက်ရောက်လာကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင် စားစွာဖြင့် လက်တွေ့စမ်းသပ်မဲပေးခဲ့ကြသည်။
စမ်းသပ်မဲပေးသူများက ယခင်ကျင်းပခဲ့သည့်ရွေးကောက်ပွဲများတွင် မဲရုံအဖွဲ့ဝင်များ အဖြစ် ဆောင်ရွက်ခဲ့သည့်အတွေ့အကြုံများအရ နောင်ကျင်းပမည့်ရွေးကောက်ပွဲများအတွက် ပိုမိုကောင်းမွန်စေမည့် အချက်များကိုလည်း အကြံပြုခဲ့ကြခဲ့ကြောင်းနှင့် မြန်မာအီလက် ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းအစီအစဉ်ကို ဧရာဝတီတိုင်း ဒေသကြီးနယ်မြေရှိ မြို့နယ်များတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်