နေပြည်တော် ၃၁ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ (၁)ရပ်ကွက်ပါ ကျေးရွာ/ရပ်ကွက် ၂ ခုတွင် ဇူလိုင် ၃၀ ရက် နံနက် ၁၀ နာရီ ၅ မိနစ်က ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေများဝင်ရောက်လျက်ရှိသဖြင့် နေအိမ် တစ်လုံး ပြိုကျပျက်စီးခဲ့ပြီး အိမ်ထောင်စုနှစ်စု၊ လူဦးရေ ခုနစ်ဦးကို ရေလွတ်ရာနေရာများသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်းနှင့် လူတိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။
အလားတူ ဇူလိုင် ၃၀ ရက် ညနေ ၃ နာရီ မိနစ် ၄၀ မိနစ်က ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ဟင်္သာတ မြို့နယ် ဖောင်ဆိပ်ကျေးရွာအနီးရှိ အလျားပေ ၁၅၀၊ အနံ ၉ ပေခန့် မြစ်ကမ်းထိန်းတာပေါင် ပြိုကျပျက်စီးခဲ့ပြီး လူတိရစ္ဆာန်ထိခိုက်မှု မရှိကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များမှ ကူညီဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား