ပုသိမ်  ၈  ဇွန်

 

ဧရာဝတီတိုင်းဒေသကြီးမှ  ပထမဆုံး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သည့် အသက် ၂၀ အရွယ်အမျိုးသား လူနာအမှတ် ၁၉၁ သည် ပုသိမ်မြို့ကုတင် ၅၀ဝ ပြည်သူ့ဆေးရုံကြီးတွင် ကုသလျှက်ရှိရာ ၂ ကြိမ်ဆက်တိုက် ရောဂါမတွေ့ ၍ ဇွန်လ ၈ ရက်နေ့ မနက်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း ပုသိမ်မြို့ ပြည်သူ့ဆေးရုံအုပ်ကြီးထံမှ သိရသည်။

 

လူနာအမှတ် ( ၁၉၁ )သည် မလေးရှားနိုင်ငံမှ ပြန်လာသူဖြစ်ပြီး မေလ ၁၉ ရက်နေ့တွင် ရောဂါပိုးစတင် တွေ့ရှိခဲ့သဖြင့် ပုသိမ်ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ ဆေးကုသမှုခံယူခဲ့ပြီးနောက် မေလ ၃၀ ရက်နှင့် ဇွန်လ ၁ ရက်နေ့တို့တွင် ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ရောဂါပိုးမတွေ့ရှိ ၍ ဆေးရုံတွင် အသွားအလာ ကန့်သတ်စောင့်ကြည့်မှု (၇) ရက်ပြုလုပ်ခဲ့ပြီး အိမ်ပြန်ခွင့် ပြုခဲ့ ခြင်းဖြစ် ကြောင်း ပုသိမ်ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က ပြောသည်။

 

"(၂) ကြိမ် ဆက်တိုက် ရောဂါ ပိုးမတွေ့ဘူးဆိုတဲ့ အဖြေထွက်တယ်  အမှန်က သူကို Facility Quarantine မှာ ဆက်ထားရမှာ နေရာအခက်အခဲကြောင့် ဆေးရုံမှာထားပြီး ခုဆိုရင်ရက်ပြည့်လို့ အိမ်ပြန်ခွင့် ပြုလိုက်ခြင်းဖြစ်ကြောင်း၊ ဒါပေမဲ့ အိမ်မှာ အသွားအလာကန့်သတ်စောင့်ကြည့်တာတွေ ဆက်လက်ပြုလုပ်သွားရဦးမှာဖြစ်တယ်" ဟု ဆေးရုံအုပ်ကြီးက ဆက်လက်ပြောပြသည်။

 

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ကုတင် ၅၀ဝ ပြည်သူ့ဆေးရုံကြီးတွင် မ လေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိ လာသူ (၂) ဦးတွင် Covid-19 ရောဂါပိုးတွေ့ရှိခဲ့ ခြင်းဖြစ်ကြောင်း လူနာအမှတ် (၂၀၇ )ကို ပုသိမ်ပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှုများ ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း လက်ရှိအချိန်တွင် ကျန်းမာရေး ကောင်းမွန်လျက်ရှိကာ ၎င်းကို ဇွန်လ ၈ ရက်နေ့တွင် ဓါတ်ခွဲစစ်ဆေးမှူ ပြုလုပ်ထား ကြောင်း ပုသိမ်ပြည်သူ့ ဆေးရုံအုပ်ကြီးထံမှ သိရသည်။

 

ဧရာဦးသာ