မော်လမြိုင်ကျွန်း အောက်တိုဘာ  ၅

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင်   မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေး ဦးစီး ဌာနမှ ဖြန့်ဝေရရှိခဲ့သည့် နည်းပညာများအသုံးပြု၍ တောင်သူများမှ စပါးခွံမြေသြဇာ စမ်းသပ် ထုတ်လုပ်ရာ အောင်မြင်မှုရ၍ ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းနှင့် စပါးစိုက်ပျိုးရာတွင်များစွာ အကျိုးအမြတ်ရရှိသောကြောင့်  စိုက်ပျိုးရေးတောင်သူများ အသုံးပြုမှု များပြားလာကြောင်း သိရသည်။

စပါးခွံမြေသြဇာသည် မြေအတွင်းရှိ အော်ဂဲနစ်မြေဆီလွှာဆုံးရှုံးမှုကို ကာကွယ်ပေးခြင်း၊ စပါးအထွက်နှုန်း လျော့ကျခြင်းနှင့် ဆန်အရည်အသွေးကျဆင်းမှုတို့ကို ကာကွယ်ပေးနိုင်သဖြင့် တောင်သူများနှင့် ပေါင်းစပ်၍ စပါးခွံမြေသြဇာထုတ်လုပ်ခြင်းဖြစ်ကြောင်း၊ တောင်သူများ၏ နွေစပါးစိုက်ပျိုးခြင်းရာတွင် ယခင်က တစ်ဧကအတွက် ယူအီးအားဓာတ်မြေသြဇာအသုံးပြုခြင်း ကုန်ကျစားရိတ်ထက် စပါးခွံမြေသြဇာ အသုံးပြုခြင်းကြောင့် ကုန်ကျမူ့များစွာလျော့ချနိုင်ခြင်း၊ ကျန်းမာရေအတွက် ပတ်ဝန်းကျင်ညစ်ညမ်းမှု ကိုကာကွယ်နိုင်ခြင်း၊ စွန့်ပစ်ပစ္စည်းမှ အကျိုးရှိသော ကမ်မီကယ်များအား စိုက်ပျိုးရေးတောင်သူများ သုံးစွဲနိုင်ခြင်း၊ နိုင်ငံတော်မှချမှတ်ထားသော စိုက်ပျိုးရေး GAP စနစ်ဖြစ်သော စိုက်ပျိုးရေး အလေ့ကျင့်ကောင်းများ ပြုလုပ်နိုင်ရေး ဓာတုဗေဓလျှော့ချ၍ စိုက်ပျိုးသီးနှံဆန်းစပါးများ အဟာရနှင့်ပြည့်ဝ၍ ကျန်းမားရေးနှင့်အညီ စားသုံးနိုင်သဘာဝမြေသြဇာကို အသုံးပြုခြင်းကြောင့် အကျိုးမြတ်များပြီး GAP ဆိုတဲ့ စနစ်ကိုလည်း ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

စပါးခွံမြေဆွေးပြုလုပ်ရန်အတွက် စပါးခွံ၊ ယူရီးယား၊ အီးအမ်(EM)၊ မဖောက်ထုံး၊ဖွဲနု၊ တင်းလှဲရည်၊ စသည်များကို အချိုးကျပေါင်းစပ် ထုတ်ထားခြင်းဖြစ်ကြောင်းနှင့် ထုတ်လုပ်ပြီး စပါးခွံမြေသြဇာကို တိုင်းဒေသကြီးမှ ဓာတ်ခွဲစမ်းသပ်၍အသုံးပြုခွင့်ရရှိပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသိန်းဌေးက ပြောသည်။

"ကျွန်တော်တို့ လယ်သမားများအနေ့ဖြင့် သဘာဝစပါးခွံမြေသြဇာကို အသုံးပြုရခြင်းကတော့ ယူအီးအား၊ နိုက်ထရိုဂျင်ဓာတ်မြေသြဇာများ သုံးစွဲခြင်းထက် ကုန်ကျစားရိတ်သက်သာခြင်း၊ ပိုးမွားဖျက်စီမူ့နည်းပါးခြင်း၊ စပါးအထွက်နှုန်း ကောင်းမွန်းပြီး လုံးပိန်လုံးညှပ်မရှိတဲ့အတွက် ဆန်ကြိတ်ခွဲရာမှာလည်း ဆန်သားထွက်နှုန်း ပိုရရှိလာခြင်း၊ မြေသားပြုပြင်ပေးခြင်းများတွင် များစွာအကျိုးရှိကြောင်း၊ ယခင်နှစ်များထက် စပါးအထွက်နှုန်း ပိုကောင်းလာပြီး ယခင်ဓာတ်မြေသြဇာများ သုံးစွဲခြင်း၏ ထက်ဝက်ကျော်မျှ ငွေကြေးသက်သာစွာ လျော့ချအသုံးပြုနိုင်ခြင်းကြောင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် ကျွန်တော်တို့ကိုယ်တိုင် လက်တွေ့ကျကျ အသုံး၍အောင်မြင်အကျိုးရှိသောကြောင့် စိုက်ပျိုးရေးတောင်သူလယ်သမားများလည်း အသုံးပြုနိုင်ရန် တစ်အိပ်လျှင် (၃၀၀၀) ကျပ်ဖြင့် ထုတ်လုပ်ရောင်းချပေး လျက်ရှိကြောင်း စပါးတစ်ဧကအတွက် အိတ်အလုံးပေါင်း(၄၀)မှ(၅၀)အထိသာ အများဆုံး အသုံးပြုရမှာဖြစ်ပါတယ်၊ စပါးအထွက်နှုန်း တစ်နှစ်ထက်တစ်နှစ် ပိုမိုရရှိလာမှာဖြစ်ပါတယ်" ဟုတောင်သူဦးဝင်းထွန်းမှ ပြောပြသည်။

စပါးခွံမြေသြဇာအား မော်လမြိိုင်ကျွန်းမြို့နယ်၏ အထက်ပိုင်းဖြစ်သော ကျော်ဇံကျေးရွာအုပ်စုတွင် စပါးစိုက်တောင်သူ ဦးတင်အောင်သန်းမှ အသုံးပြု၍ ထုတ်လုပ်ရောင်းချပြီး မော်လမြိုင်ကျွန်းမြို့၏ အောက်ပိုင်းရေတွင်းကုန်ကျေးရွာအုပ်စု ဘဂ်လားလေးကျေးရွာတွင် စပါးစိုက်တောင်သူ ဦးဝင်းထွန်း မှကိုယ်တိုင်အသုံးပြု၍ ထုတ်လုပ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မောင်ယဉ်ဦး