ဟင်္သာတ ဒီဇင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၌ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား ယမန်နေ့နံနက်ပိုင်းက အေးမြသာယာရပ်ကွက်၊ ဘုရင့်နောင်လမ်း၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကွန်ကရစ်လမ်းသစ်အား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကွန်ကရစ်လမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းအား ဟင်္သာတမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ငွေလုံး ငွေရင်း လုပ်ငန်းအသုံးစရိတ်ဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး လမ်းအရှည်ပေ ၁၃၀၀၊ လမ်း အကျယ်၁၀ပေနှင့် ထု ၆ လက်မရှိကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)သို့ သွားရောက်၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် မဟော်သဓာ(၄)ထပ်စာသင်ဆောင်သစ် ဖွင့်ပွဲအခမ်းအနားအား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းအား အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ ထို့နောက် စာသင်ဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေရှည်တည်တံ့စေရေး စနစ်တကျထိန်းသိမ်းစောင့်ရှောက်ကြရန်မှာခဲ့သည်။
ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားဒုတိယပိုင်းအား ဆက်လက်ပြုလုပ်ခဲ့ပြီး ဝန်ကြီးချုပ်သည် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်တန်းနှစ်အလိုက် ကျောင်းသား၊ ကျောင်းသူများ၏ အဆို၊ အကများဖြင့် ဖျော်ဖြေမှုများအားကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကံလှကျေးရွာအုပ်စု၊ တောင်သူ ဦးကျော်ဒွေး၏ လယ်မြေ (၃)ဧကတွင် ၂၀၂၂-၂၀၂၃ခု နှစ်၊ ဆောင်းသီးနှံ (နေကြာ) ဆင်းရွှေကြာ (၂)၊ မျိုးစေ့ထုတ်စိုက်ခင်းအား ကြည့်ရှုအားပေးခဲ့ပြီး အောင်မြင်အောင် စိုက်ပျိုး ရေး၊ မျိုးကောင်းမျိုးသန့်များ ပိုမိုစိုက်ပျိုးထုတ်လုပ်စေရေ းမှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)