နေပြည်တော် မေ ၄
ဧရာဝတီတံတား( မကွေး )ရေလမ်းတွင် ရေယာဉ်များ ဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းကို အစုန်လမ်းအဖြစ် ရေလယ်တိုင် အမှတ်(၁၇ )နှင့် (၁၈ )အကြားမှ လည်းကောင်း၊ အဆန်လမ်းအဖြစ် ရေလယ်တိုင် အမှတ်( ၁၆ )နှင့် ( ၁၇ )အကြားမှ လည်းကောင်း ဖွင့်လှစ်ထားသည်။ ယခုအခါ တံတားမြစ်ကြမ်းပြင် မြစ်ရေတိုက်စားမှု ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မည်ဖြစ်သောကြောင့် ရေယာဥ်များ ဖြတ်သန်း သွားလာရန် ရေလမ်းကြောင်းကို ၂၀၂၂ ခုနှစ်၊ မေ( ၄ )ရက်မှစ၍ အစုန်၊ အဆန် ရေလမ်း အဖြစ် ရေလယ်တိုင်အမှတ်( ၁၇ )နှင့် ( ၁၈ ) အကြား ပြောင်းလဲဖွင့်လှစ်ထားသည်။
ပြောင်းလဲထားသည့် ရေလမ်းကြောင်း၏ ကင်းလွတ်အကျယ်မှာ မီတာ( ၁၁၀ ) ရှိပြီး၊ ကင်းလွတ်အမြင့်မှာ အမြင့်ဆုံး ရေမျက်နှာပြင်အထက် ( ၁၇ )မီတာရှိသည်။ ရေယာဥ်များ ဖြတ်သန်းရမည့် ဝင်ပေါက်တွင် နေ့အခါ အစိမ်းရောင်တြိဂံ အမှတ်အသားပြသ၍၊ ညအခါမီးစိမ်းထွန်း ပြသထားသည်။ မဝင်ရမည့်ရေလမ်းတွင် နေ့အခါ အနီရောင် ကြက်ခြေခတ် အမှတ်အသားပြသ၍ ညအခါ မီးနီထွန်း ပြသထားသည်။
တံတားတိုင်များ၏ အောက်ခြေပိုင်တိုင်အုတ်ခုံမှာ ရေလယ်တိုင်များ၏ တစ်ဘက် တစ်ချက်တွင် ( ၁၅ )ပေခန့် ထိုးထွက်နေသဖြင့် ရေယာဥ်များ ရေလယ်တိုင် ( ၂ )ခုအကြားမှ ယှဥ်ပြိုင်ခုတ်မောင်းခြင်း မပြုရန်နှင့် တွဲတွန်းရေယာဥ်များ တစ်တွဲချင်းသာ ချိတ်ဆွဲ ဖြတ်သန်းကြရန်အပြင် အစုန်ဦးစားပေး၍ ဝင်ပေါက်သို့ ချဥ်းကပ်ရာတွင် လုံလောက်သော အကွာအဝေးမှ ချဥ်းကပ်လမ်းကြောင်းမှန်ဖြင့် ထိန်းသိမ်းခုတ်မောင်းကြရန် ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ရေလမ်းသတိပေး နှိုးဆော်ချက် သတင်း ထုတ်ပြန်ထားကြောင်း သိရသည်။
သတင်းစဉ်