ဧရာဝတီတံတား (သရက်-အောင်လံ) တည်ဆောက်ခြင်းစီမံကိန်း ပန္နက်တော်တင် တွင်းတော်ဝန်း မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက သရက်မြို့ရှိ အဆိုပါ တံတားတည်ဆောက်မည့်နေရာတွင် ကျင်းပရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ၊  မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည် ။

ဧရာဝတီတံတား (သရက်-အောင်လံ) တည်ဆောက်ရေးစီမံကိန်း သည် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်တွင် တည်ရှိပြီး အောင်လံမြို့နှင့် သရက်မြို့ကို ဆက်သွယ်ပေးမည့်တံတားတစ်စင်းဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ သိရသည်။