Facebook က ပြည်ပအစိုးရ၏ နိုင်ငံရေးကြော်ငြာများကို ပိတ်ပင်သွားမည်ဟုပြောကြား

ဆန်ဖရန်စစ္စကို ၁၉ ဇွန်

ဆိုရှယ်မီဒီယာတစ်ခုဖြစ်သော Facebook ၏ အမေရိကန်ရွေးကောက်ပွဲဆိုင်ရာ သတင်းအမှားများနှင့် အမုန်း တရားလှုံ့ဆော်သော ဖော်ပြချက်များအပေါ် မသိကျိုးကျွန်ပြုကြောင်းဝေဖန်မှုများ မြင့်တက်လာစဉ်တွင် Facebook က လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အခြားနိုင်ငံများ၏ အစိုးရမီဒီယာများ၏ နိုင်ငံရေး ကြော်ငြာအားလုံးကို ပိတ်ပင်သွား မည်ဖြစ်ကြောင်း ကပြောကြားခဲ့သည်။ အမေရိကန်နှင့် ဥရောပနိုင်ငံများတွင် ယမန်နေ့ကကြေညာခဲ့သော အထက်ပါကြေညာချက်အရ Facebook Instagram အသုံးပြုသူများအား ၎င်းဆိုရှယ် မီဒီယာများတွင် နိုင်ငံရေးအုပ်စုများ နှင့် ကိုယ်စားလှယ်လောင်းများ၏ ကြော်ငြာများကို ဖယ်ရှားခွင့်ပေးခဲ့သည်။

ယခုဆောင်ရွက်ချက်သည် ၎င်းဆိုရှယ်မီဒီယာများအား သတင်းမှားများ၏ အရင်းအမြစ်ကို ဖော်ထုတ်ရန် ဖိအားဖြစ်စေခဲ့သည်။ နိုင်ငံရေး သမားများ၏ အချက်အလက်များအား စုံစမ်းသည်ဟူသော အချက် ကို Facebook က ပယ်ချခဲ့သည်။ Facebook ၏ ထုတ်လုပ်ရေးစီမံ ခန့်ခွဲမှုဆိုင်ရာ ဒုတိယဥက္ကဋ္ဌဖြစ်သူ နာအိုမီလက်က Facebook အနေဖြင့် ၎င်း၏စာမျက်နှာများတွင် လူမှုရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ ကြော်ငြာများ ထည့်သွင်းအသုံးပြုသော နိုင်ငံများအား ထိုကဲ့သို့သော ကြော်ငြာများကို ပိတ်ပင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၂၀၁၆ ခုနှစ် အမေရိကန်ရွေးကောက်ပွဲတွင် နိုင်ငံတကာမှ ဝင်ရောက်စွက်ဖက်မှု များကို လျစ်လျူရှုခဲ့ခြင်းကြောင့် Facebook အား အမေရိကန်ပြည်သူများကဝေဖန်ခဲ့ကြသည်။ ယူကေ ဒေးလီးတယ်လီဂရပ် သတင်းစာမှ သတင်းထောက်ဖြစ်သူ နှစ်ကလပ်က “Facebook ကုမ္ပဏီမှာ ဒီလိုနိုင်ငံရေး ကြော်ငြာတွေကို ပိတ်ပင်ဆောင်ရွက်နိုင်တဲ့ အခွင့်အရေးရှိပါတယ်ဟု ပြောကြားသည်။

Facebook တွင် ဆိုက်ဘာလုံခြုံ ရေးလုပ်ငန်း ဆောင်ရွက်နေသူ ဝန်ထမ်း ၃၅၀၀၀ ခန့်ရှိကြောင်း သိရသည်။ Facebook ၏ အမှုဆောင်အရာရှိချုပ် မက်ခ်ဇူကာဘတ်က ၎င်း၏လုပ်ငန်းအနေဖြင့် နိုဝင်ဘာ ရွေးကောက်ပွဲအတွက် အကောင်း ဆုံးပြင်ဆင်ထားကြောင်း၊ ဒီမိုကရေစီ စနစ်အတွက် အနှောင့်အယှက် အဟန့်အတားမှာ အမှန်တကယ်ရှိ နေပြီး ကျွန်ုပ်တို့၏ ကွန်ပျူတာစနစ် များကိုလည်း အကောင်းဆုံးလုပ်ငန်းဆောင်ရွက်နိုင်ရန် အမြဲတမ်းပြင်ဆင် ထားကြောင်း သူက ပြောကြားသည်။ Facebook သည်အမေရိကန်ရှိမဲဆန္ဒရှင်များအား မဲပေးရန် မှတ်ပုံတင် ခြင်း၊ မေးလ်အသုံးပြုပြီး ကြိုတင်မဲ ပေးခြင်းစသော လုပ်ငန်းများကို သိရှိနိုင်ရန် မဲဆန္ဒရှင်ပညာပေးလုပ်ငန်း များကို အွန်လိုင်းတွင် ဆောင်ရွက်ခဲ့ သည်။

ကိုးကား-အေအက်ဖ်ပီ

ဘာသာပြန်-စိုးသူရ