မြို့သစ် ၂   မေ

မကွေးခရိုင် မြို့သစ်မြို့နယ်  ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး ကော်မတီမြို့နယ်အဆင့် ကျန်းမာရေး စင်တာသို့ ဆန်အိတ် ၃၆ နှင့် မြို့သစ်မြို့နယ်ဆေးရုံသို့ ဆန်အိ‌တ်ပေါင်း ၂ဝ အား Myanmar Kaido Compamy Limited ကိုယ်စား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦးမှ ယမန်နေ့ ညနေ ၄ နာရီအချိန်က ပေးအပ်လှူဒါန်း ခဲ့သည်။

 

အဆိုပါ ရိက္ခာဆန်များကို မြို့သစ်မြို့နယ်အတွင်းရှိ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့် ပြည်ပပြန်များ ထားသည့် Facility Quarantine စခန်းများနှင့် အဆိုပါ Facility Quarantine စခန်းများကို ကျန်းမာရေးစောင့်ရှောက်ပေးနေသည့် ကျန်းမာရေးဝန်ထမ်းများတို့ကို ဆန်ရိက္ခာ အခက်အခဲ မရှိစေရန် Myanmar Kaido Compamy Limited မှ လှူဒါန်းခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဦးတင်နွယ်ဦးက ပြောသည်။

 

မကွေးတိုင်းဒေသကြီး ၂၅ မြို့နယ်အတွက် Myanmar Kaido Compamy Limited  က ဆန်အိတ်ပေါင်း ၁၈ဝဝ ကိုလှူဒါန်းခဲ့ရာ မြို့နယ်အလိုက်ခန့်မှန်း ပြည်ပပြန်လူဦးရေပေါ်မူတည်၍ လိုအပ်ချက်နှင့်အညီ လှူဒါန်းသွားခြင်းဖြစ်ကြောင်း သိရသည်။

သန်းဝင်းထွန်း ( ပြန်ဆက်)