နေပြည်တော်၊ အောက်တိုဘာ ၂၃
FIFA International “A” Friendly Matches ခြေစမ်းပွဲအဖြစ် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် တရုတ်(ဟောင်ကောင်) လက်ရွေးစင်အမျိုးသမီး အသင်းတို့သည် အောက်တိုဘာ ၂၃ ရက်၊ ညနေ ၄ နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစား ကြမည်ဖြစ်သည်။
အဆိုပါ ပွဲစဉ်ကို ယင်းနေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်အချိန်မှ စတင်၍ MRTV HD Channel၊ MRTV Parliament Channelနှင့် မြန်မာအသံရေဒီယိုတို့မှ တိုက်ရိုက်(Live) ထုတ်လွှင့်သွားမည်ဖြစ်သည်။
(သတင်းစဉ်)


