ရန်ကုန်     မေ    ၄­

ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်  ကာယပညာဦးစီးဌာနက  Pilot   Project  အစီအစဉ်ဖြင့် Football For School Program အရ  ဖွင့်လှစ်သည့် ဘောလုံးသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့    MFF Futsal Stadium   သုဝဏ္ဏတွင် ကျင်းပသည်။

တက်ရောက်

သင်တန်းဖွင့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အားကစားနှင့်  ကာယပညာကော်မတီဝင်များ၊   မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ  တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ဘောလုံးဆပ်ကော်မတီမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား သင်တန်းသူများနှင့် တာဝန်ရှိသူများ   တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က  သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းမှ  ရရှိလာစေမည့် နည်းစနစ်နှင့် ကျွမ်းကျင်မှုများကို အခြေခံပြီး အဆင့်မြင့်အားကစား ပညာရပ်များကို ဆက်လက်လေ့လာလိုက်စားကြရန်၊ နည်းပြဆရာများကလည်း စေတနာအပြည့်အဝထားပြီး  လူငယ်များ ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သွားအောင်သင်ကြားပေးကြရန် မှာကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ဘင်ခရာအဖွဲ့ကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပြီး သင်တန်းသား သင်တန်းသူများအား  အားကစားအထောက်အကူပြုပစ္စည်းများ ပေးအပ်ကာ   သင်တန်းပို့ချနေမှုများကို  ကြည့်ရှုအားပေးသည်။

သင်တန်းကို  သင်တန်းသား သင်တန်းသူ ၂၀၀၀ ဖြင့် မေ ၄ ရက်မှ ဇူလိုင် ၁၀ ရက်အထိ စာတွေ့၊ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)