ရန်ကုန်၊ ၁၂  ဒီဇင်ဘာ

Stay at Home နေထိုင်နေသည့် ပြည်သူများ အပန်းဖြေနိုင်ရန်အတွက် Forever Group Co; Ltd  ၏  ရုပ်သံလိုင်းများမှ  ဖျော်ဖြေရေး အစီအစဉ်ကောင်းများကို ထုတ်လွှင့်ပြသလျက်ရှိကြောင်း သိရသည်။

 

ဒီဇင်ဘာ ၁၃ ရက်မှ ၁၉ ရက်အထိ တစ်ပတ်တာကြည့်စရာ အစီအစဉ်ကောင်းများအနေဖြင့်  မဟာဗောဓိရုပ်သံလိုင်းမှ  ပင်းမြို့ဟောင်းနှင့် နတ်မောက်မြို့ရှိ  တန်ခိုးကြီးမားဘုရားစေတီ ပုထိုးများ အစီအစဉ်၊ ဓမ္မဒူတ ဒေါက်တာ ဘဒ္ဒန္တပညိဿရာဘိဝံသ ဟောကြားတော်မူသော စိတ်ကိုစစ်ဆေး ပြုပြင်ပေးတရားတော်၊ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့ ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် ကျင်းပပြုလုပ်သော (၂၆) ကြိမ်မြောက် ဓမ္မဒူတ ယဉ်ကျေးလိမ္မာ တရားသင်တန်းအကြောင်းတို့ကို လည်းကောင်း၊ MRTV – 4 ရုပ်သံလိုင်းမှ Semi- finalists , မမှီဝဲနဲ့ ကင်းအောင်နေ၊ အယောင်ဆောင်ချစ်ခြင်း၊ Master Chef Myanmar Season- 3  စသည့် ဇာတ်လမ်းတွဲများ/ ဇာတ်ကားများကို လည်းကောင်း၊ Channel 7 ရုပ်သံလိုင်းမှ Minute to Win it ၊ ရင်ခွင်လက်တကမ်း၊ အိမ်မက်ထဲမှ ချစ်သူ စသည့် ဇာတ်လမ်းတွဲများ/ ဇာတ်ကားများကို လည်းကောင်း ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)