နေပြည်တော်၊ ဇူလိုင် ၁၉
ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ Friday Night Live Show အစီအစဉ် ဆန်းသစ်မှုအဖြစ် “ LOCAL TALENTS SHOW ” (English Songs တေးဂီတဖျော်ဖြေပွဲ) ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၁ ရက်၊ သောကြာနေ့ ည(၈)နာရီ သတင်းများအပြီးတွင် MRTV-HD Channel မှ ထုတ်လွှင့် ပြသမည်ဖြစ်သည်။
အဆိုပါအစီအစဉ်တွင် “မြန်မာ့အသံတေးဂီတ” အဖွဲ့၏ တီးခတ်မှုနှင့်အတူ တေးသံရှင်များဖြစ်ကြသည့် Nine၊ စောဒယ်နီရယ်၊ အောင်မြတ်သူ၊ Rachel ၊ နှင်းဝတ်ရည်၊ ဟန်သီ၊ ရေဂျီးနား၊ အာသာဝတီခင်မြတ်ဘုန်း၊ ချစ်စုရှင်နှင့် မေထူးသွင်တို့က “English Songs များဖြင့်” သီဆိုဖျော်ဖြေကြမည်ဖြစ်ပြီး ထိုသို့ တင်ဆက်မှုကို ဇူလိုင် (၂၃) ရက်၊ တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခွဲတွင် ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)