Frozen 2 ရုပ်ရှင်ကား ဝင်ငွေစံချိန်ချိုးလိုက်နိုင်ပြီဖြစ်

၂၇ နိုဝင်ဘာ

Frozen 2 ဇာတ်ကားကတော့ငွေတွေ သဲ့ယူလိုက်ပြန်ပြီ။ ပထမဆုံးအဖွင့် သီတင်းပတ်မှာတင် တစ်ကမ္ဘာလုံးအနှံ့ ပြသရတဲ့ဝင်ငွေဟာ အမေရိကန်ဒေါ်လာ သန်း ၃၅ဝ ခန့်ရရှိခဲ့ပါတယ်။ Forzen 2 ဇာတ်ကားဟာ ဗြိတိန်နဲ့ အိုင်ယာလန် တို့မှာ ဝင်ငွေ ပေါင် ၁၅ သန်းရရှိခဲ့ပြီး အမေရိကန်နဲ့ ကနေဒါတို့မှာတော့ ဒေါ်လာ ၁၂၇ သန်းရရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ Frozen ဇာတ်ကားကို စတင်ရုံတင် စဉ်မှာတော့ စတင်ပြသပြီး ပထမဆုံးငါးရက်မှာတင် ဝင်ငွေဒေါ်လာ ၉၃ သန်းရရှိ ခဲ့ပါတယ်။ စုစုပေါင်းဝင်ငွေအနေနဲ့ကတော့ ဒေါ်လာ ၁ ဒသမ ၂၇ ဘီလီယံ ရရှိခဲ့ပါတယ်။ အခုလည်း Frozen 2 ဇာတ်ကားကို ရုံတင်တဲ့အခါ စံချိန်သစ် တင်နိုင်ပြီး အန်နီမေးရှင်းရုပ်ရှင်ကားတွေမှာ အောင်မြင်မှု အရှိဆုံးလို့ ပြောရမှာပါပဲ။

အခုနှစ်အတွင်းမှာပဲ ရုံတင်ခဲ့တဲ့ Lion King ဇာတ်ကားဟာ အဖွင့် သီတင်းပတ်မှာတင် ဒေါ်လာ ၂၉၆ သန်းရရှိခဲ့ပါတယ်။ Frozen 2 ရုပ်ရှင် ကားဟာ ၂၀၁၉ ခုနှစ်အတွင်း ဒစ္စနေးအတွက် ဒေါ်လာတစ်ဘီလီယံ ရှာပေးနိုင်ခဲ့တဲ့ ခြောက်ကားမြောက်ရုပ်ရှင်ဖြစ်လာပါတယ်။ ၂၀၁၃ ခုနှစ်က ပြသခဲ့တဲ့ Frozen ဇာတ်ကားဟာ မင်းသမီး အယ်ဆာနဲ့ညီမဖြစ်သူ အန်နာတို့ရဲ့ ဆက်ဆံရေးကို အဓိကထားရိုက်ကူးထားတာဖြစ်ပြီး အန်နီမေးရှင်းရုပ်ရှင်တွေထဲမှာ အအောင်မြင်ဆုံး ရုပ်ရှင်ဖြစ်ခဲ့ပါတယ်။

ဘီဘီစီ