G-20 ထိပ်သီးအစည်းအဝေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဂျပန်နိုင်ငံအနေဖြင့် အင်တာနက်နှင့် အကြမ်းဖက်ဝါဒများကြား ချိတ်ဆက်မှုကို ဆွေးနွေးရန် အစီအစဉ်ရှိသည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားခဲ့သည်။
အာဘေးသည် ဗုဒ္ဓဟူးနေ့က ပြင်သစ်ဝန်ကြီးချုပ် စကောမာရီဆွန်ထံ တယ်လီဖုန်းဖြင့် စကားပြောဆိုရာတွင် အဆိုပါမှတ်ချက်စကားကို ပြောကြားခဲ့ခြင်းဖြစ်သည်။
မာဆွန်ကို ဇွန်လအတွင်း အိုဆာကာတွင် ကျင်းပမည့် G-20 ထိပ်သီးအစည်းအဝေးတွင် အဆိုပါ ပြဿနာအပေါ် ဆွေးနွေးရန် ရှိမရှိကို အာဘေးက မေးမြန်းခဲ့ခြင်းဖြစ်သည်။
နယူးဇီလန်နိုင်ငံတွင် ပြီးခဲ့သည့် အပတ်က ဗလီတိုက်ခိုက်မှုဗွီဒီယိုဖိုင်ကို အွန်လိုင်းတွင် ကျယ်ပြန့်စွာ ထွက်ပေါ်လာပြီးနောက် အဆိုပါ တောင်းဆိုမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဂျပန်နိုင်ငံသည် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးတွင် နယူးဇီလန်၊ သြစတြေးလျနှင့် နိုင်ငံတကာအသိုင်းအဝိုင်း တို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ပါဝင်နေကြောင်း အာဘေးက မာဆွန်သို့ ပြောကြားသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်