​​​​​​​ဂွ      ၂၅   ဇွန်        ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများကို မြို့ပေါ်သုံး ရပ်ကွက်၌ ယနေ့ နံနက်(၈)နာရီတွင်  စဉ်ဆက်မပြတ် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။ အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်း

ဂွ      ၂၅   ဇွန်       

 

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများကို မြို့ပေါ်သုံး ရပ်ကွက်၌ ယနေ့ နံနက်(၈)နာရီတွင်  စဉ်ဆက်မပြတ် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

 

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး (ဖုံး၊ သွန်၊ လဲ၊ စစ်၊ အဘိတ်ဆေးခပ်ခြင်း) လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်၍  ဌာနဆိုင်ရာများဖြစ်သော မြို့နယ်မီးသတ် ဦးစီးဌာန၊  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ မြို့မရပ်ကွက်၊ ရွာမရပ်ကွက်နှင့် ကင်းရုံးရပ်ကွက်များတွင် အပတ်စဉ် သောကြာနေ့တိုင်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ရွှေရည်ဝင်း

mdn