၁၁ ဇွန်
ဂျပန်နိုင်ငံ အိုဆာကာမှာ ဇွန် ၂၈-၂၉ တွင် ကျင်းပမယ့် G20 အစည်းအဝေးကို တရုတ်သမ္မတ ရှီကျင့်ဖျင် မတက်ရောက်ပါက တရုတ်ပို့ကုန် ဘီလီယံ ၃၀ဝ အပေါ် အခွန်ကောက်ဖို့ စတင်မယ်လို့ CNBC ရုပ်မြင်သံကြားကို အမေရိကန်သမ္မတ ထရန့်က ပြောကြားပါတယ်။

ထရန့်ဟာ ရှီနဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိနေပါတယ်။ အဲဒီအစည်းအဝးကို သမ္မတ ရှီ တက်ရောက်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန်သမ္မတက ပြောပါတယ်။
အမေရိကန်-တရုတ် ကြားက တင်းမာမှုက ပိုတိုးလာစဉ်မှာ တရုတ်အစိုးရရဲ့ ပြောခွင့်ရသူက ထရန့်-ရှီဆွေးနွေးပွဲနဲ့ ပတ်သတ်ပြီး ဘာသတင်းမှမရသေးကြောင်း ပြီးခဲ့တဲ့လက ပြောကြားပါတယ်။
CNBC ရုပ်မြင်သံကြားနဲ့ အင်တာဗျူးမှာ ထုတ်လုပ်ရေးကုမ္ပဏီတွေကို တရုတ်နိုင်ငံကနေ ထွက်ခွာပြီး ထုတ်လုပ်ရာနေရာ ပြောင်းခဲ့မယ်ဆိုရင် အခွန်တိုးကောက်ဖို့မရှိကြောင်း၊ တရုတ်နိုင်ငံအနေနှင့် အမေရိကန်နဲ့ ဘတပြန်ကျားတပြန် အခွန်တိုးကောက်နေရာမှာ တရုတ်နိုင်ငံက ရှုံးမှာဖြစ်တယ်။ သူတို့ဆီမှာ အမေရိကန်ပို့ကုန်က နည်းနေတဲ့အတွက်ဖြစ်တယ်။ အမေရိကန်အနေနဲ့ အကျိုးကျေးဇူးကြီးကြီးမားမားရရှိမယ်။ တရုတ်အနေနဲ့ ညှိနှိုင်းမှုလုပ်လာလိမ့်မယ်လို့ ထရန့်က ပြောပါတယ်။
MDN
ကိုးကား - AFP