၂၇ ဇွန်

မနက်ဖြန် (သောကြာနေ့) မှာ စတင်မယ့် G20 ခေါင်းဆောင်များ ဆွေးနွေးပွဲကို လက်ခံကျင်းပမယ့် ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ အထူးပြင်ဆင်ထားတဲ့ အိမ်သာတွေတပ်ခြင်း၊ ပြည့်တန်ဆာအိမ်တွေကပါ တံခါးပိတ်ထားခြင်းနဲ့ အိုဆာကာအကြောင်း အိုဆာကာ ဘွားဘွားတွေကတောင် ရက်ပ်သီချင်း ဖွဲ့ဆိုတာမျိုးတွေပါ လုပ်ဆောင်ပြီး အိုဆာကာကို ပြည့်စုံအောင် လုပ်ဆောင်ထားပါတယ်။

 

mdn

 

ကမ္ဘာ့ကုန်သွယ်ရေး၊ အီရန်နဲ့ မြောက်ကိုရီးယား အကြောင်းအရာတွေက ဆွေးနွေးပွဲကို လှုပ်ရှားစေမယ့် အဓိက ဆွေးနွေးမယ့်အကြောင်းအရာတွေ ဖြစ်ပါတယ်။ အိုဆာကာကို ကမ္ဘာတစ်ဝန်းက အစိုးရဝန်ထမ်းနဲ့ သတင်းထောက်ပေါင်း သုံးသောင်းရောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

ဆွေးနွေးပွဲလက်ခံကျင်းပမယ့် ဂျပန်ရဲ့ ဒုတိယမြို့တော် အိုဆာကာ ဒေသခံတွေက တခြားဒေသက ဂျပန်လူမျိုးတွေနဲ့ မတူဘဲ ပွင့်ပွင့်လင်းလင်းပြောတာတွေ ဟာသဉာဏ်ရှိတာတွေက သူတို့ကို ဂုဏ်ယူစေပါတယ်။

 

mdn

 

ဆွေးနွေးပွဲရဲ့ အဓိကဟင်းလျာကတော့ အိုဆာကာရဲ့ အကောင်းဆုံးအစားအစာလို့ပြောနိုင်တဲ့ ရေဘဝဲတွေကို အပိုင်းပိုင်းလှီးဖြတ်ပြီး မုန့်နှစ်နဲ့ ကြော်ထားတဲ့ တာကိုယာကီ နဲ့ ဧည့်ခံဖို့ စားသောက်ဆိုင်တွေက ပြင်ဆင်ထားပါတယ်။

 

အိုဆာကာရှိ ပြည့်တန်ဆာများကပါ ကိုယ့်အသိနဲ့ကိုယ် သူတို့အလုပ်ခန်း တံခါးပိတ်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ ဒီလို လုပ်ဆောင်ခြင်းက ၁၉၈၉ နှစ်က ဧကရာဇ် ဟီရို ဟစ်တို ဈာပန အပြီးမှာ ပထမဦးဆုံး ဖြစ်ပါတယ်။ အိုဆာကာက တိုဘီတာရှင်ချီ (Tobita-Shinchi) ရှိ ပြည့်တန်ဆာ အိမ်ပေါင်း ၁၅၉ အိမ်ကလည်း သူတို့တံခါးတွေ ပိတ်ပြီး G 20 ကမ္ဘာ့အစည်းအဝေးကို သန့်ရှင်းအောင် လုပ်ဆောင်မယ်လို့ သိရပါတယ်။

 

mdn

 

အိုဆာကာရဲ့ ကုန်းပေါ်နဲ့ ရေထဲ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်ပေါင်း သုံးသောင်း နှစ်ထောင်နဲ့အတူ ကမ်းရိုးတန်းလုံခြုံရေးသင်္ဘော အစင်း ၆၀ နဲ့ ကမ်းခြေစောင့် တပ်ဖွဲ့ဝင် တစ်ထောင်ကျော်ကို အသုံးပြုထားပါတယ်။

 

ကျောင်းပေါင်း ၇၀ဝ ကလည်း ကြာသပတေးနဲ့ သောကြာနေ့တွေမှာ ပိတ်ထားကြောင်း သိရပါတယ်။ မြို့တော်တိုကျိုရှိ ရထားဘူတာရုံများက အမှိုက်ပုံးနဲ့ ပစ္စည်းလက်ခံတဲ့ သေတ္တာတွေအားလုံးကို ပိတ်ထားပါတယ်။ ဒါ့အပြင်ဆွေးနွေးပွဲကျင်းပရာ ပတ်ဝန်းကျင်မှာ ဒရုန်းလွှတ်ခြင်းကိုပါ တားမြစ်ထားပါတယ်။

 

MDN
ကိုးကား- AFP

 

mdn