၁   အောက်တိုဘာ

ယနေ့နံနက် အစောပိုင်းက ယှဉ်ပြိုင်ခဲ့သည့် ဂျာမန်စူပါဖလားပြိုင်ပွဲတွင် ဘိုင်ယန်မြူးနစ်အသင်းသည် ဒေါ့မွန်အသင်းအား သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ယူခဲ့ပြီးနောက် ၂၀၀၉ ခုနှစ် ဘာစီလိုနာအသင်း ရရှိခဲ့သော ပြိုင်ပွဲတိုင်း ချန်ပီယံဖြစ်ခဲ့သည့် စံချိန်ကို လိုက်မီရန် နီးစပ်နေပြီဖြစ်သည်။

 

ဘိုင်ယန်အနေဖြင့် ယခုနှစ်ကုန်တွင် ယှဉ်ပြိုင်သည့် ကမ္ဘာ့ကလပ်ချန်ပီယံပြိုင်ပွဲ၌ ဗိုလ်စွဲမည်ဆိုပါက ဘာစီလိုနာ၏ စံချိန်နှင့် တူညီနိုင်မည် ဖြစ်သည်။ နည်းပြဖလစ်သည် ဘိုင်ယန်မြူးနစ်၏ ကစားပုံကို အလုံးစုံပြောင်းလဲပေးခဲ့ပြီး ပွဲအစအဆုံး ပြိုင်ဘက်ကွင်းလယ်ကို ထိန်းချုပ်ကာ တိုက်စစ်အသားပေး ပုံစံဖြင့် ကစားနိုင်ခဲ့သည်။

 

ထူးခြားချက်မှာ ဘိုင်ယန်သည် ဘာစီလိုနာကို ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင် ရှစ်ဂိုး-နှစ်ဂိုးဖြင့် အနိုင်ယူခဲ့ကာ ချန်ပီယံလိဂ်သမိုင်းတစ်လျောက် အကြီးမားဆုံးအောင်ပွဲအဖြစ် သမိုင်းသစ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

မေလဲ့သင်း