မောင်တော ၁၆ ဇွန်  

ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ဂျာမနီလူသားချင်းစာနာထောက်ပံ့ရေး ဘဏ္ဍာငွေဖြင့်  မာလ်တေဇာ အင်တာနေရှင်နယ်မှ  ဆောင်ရွက်ပြီးစီးခဲ့သည့် ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာ လုပ်ငန်းများအား ကျေးရွာသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ဇွန် ၁၄ ရက်နေ့  နံနက်  ၁၀ နာရီအချိန်ခန့်က (၄)မိုင်ရပ်ကွက် ရှိ ရွာသာယာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

6731

 

အဆိုပါ အခမ်းအနားတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြူလှ ကအမှာစကားပြောကြားပြီး ပြည်သူ့ကျန်းမာရေး လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာ နုကေသီစံမှ ကျန်းမာရေးနှင့် ပတ် သတ်၍ ဆောင်ရန်၊ရှောင်ရန်များအား အသိပညာပေးရှင်းလင်းပြောကြားခဲ့သည်။ 

 

6733

 

ထို့နောက် မာလ်တေဇာ အင်တာနေရှင်နယ်၏ လက်ထောက်စီမံကိန်းညှိနိုင်းရေးမှူး ဒေါ်ခင်စောဝေ က (၄)မိုင်ရပ်ကွက် ရွာသာယာကျေးရွာရှိ ရေတွင်း (၂) တွင်း ပြုပြင်ခြင်း နှင့် ကျေးရွာနေ အိမ်ထောင်စု(၇၂)စုအတွက် မိသားစုသုံး ယင်လုံအိမ်သာ(၇၂)လုံးကို ကျေးရွာ သူ/ သားများ၏ ပူးပေါင်းမှုဖြင့်  ဆောက်လုပ်ပေးခြင်း၊ ရေစစ်အိုး၊ရေသယ်အိုး၊ရေသုံးရန်ခွက် မိုးရေခံပစ္စည်းများနှင့် အမှိုက်ပုံးများကိုလည်း မိသားစု(၇၂)စုအတွက်ဖြန့်ဝေပေးခဲ့သည်။

ကျန်းမာရေးနှင့်သန့်ရှင်းရေးမြှင့်တင်မှု အသိပညာပေးခြင်းနှင့် အိမ်သုံး ဆပ်ပြာများ ဖြန့်ဝေခြင်းလုပ်ငန်းများကို လစဉ်ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး ကျေးရွာတာဝန်ခံ ဦးအောင်ကျော်ဇောမှ ကျေးရွာသူ/သားများကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့သည်။

သက်လွင်စိုး(ပြန်/ဆက်)