ဘာလင် ဒီဇင်ဘာ ၁၉
ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ နာမည်ကြီးငါးပြတိုက်တစ်ခု၌ မှန်များ ရုတ်တရက်ကွဲအက်လွင့်စင်ခဲ့ရာ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး အပူပိုင်းငါး ၁၅၀၀ ကျော် သေဆုံးခဲ့ရကြောင်း ယနေ့သတင်းများအရ သိရသည်။
၁၆ မီတာအမြင့်ရှိသော AquaDom ငါးပြတိုက်သည် ဧည့်သည်အများအပြား လာရောက်တည်းခိုသည့် ဟိုတယ်တည်ရှိသော အပန်းဖြေကွန်ဒိုတစ်ခုတွင် တည်ရှိသည်။
ငါးပြတိုက်အတွင်းမှ ရေဂါလန်ပေါင်းများစွာသည် အဆောက်အအုံပြင်ပရှိ လမ်းများပေါ်သို့ စီးဆင်းလာကြောင်း မျက်မြင်တွေ့ရှိသူများက ဆိုသည်။
ငါးပြတိုက်မှ မှန်ကွဲများကြောင့် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ငါးပြတိုက်တွင် ပြသထားသည့် အပူပိုင်းဆိုင်ရာ ငါးအားလုံး သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ငါးပြတိုက်သည် ကမ္ဘာပေါ်တွင် ဆလင်ဒါဒုလုံးပုံရှိသည့် အကြီးဆုံးသော ငါးပြတိုက် တစ်ခုဖြစ်သည့်အပြင် ကမ္ဘာလှည့်ခရီးသည် အများအပြား လာရောက်ကြည့်ရှုသည့် နေရာတစ်ခုလည်း ဖြစ်သည်။
ငါးပြတိုက်၏ မှန်များ ရုတ်တရက်ကွဲအက် လွင့်စင်မှုနှင့်ပတ်သက်ပြီး ရဲအရာရှိများက စုံစမ်းစစ်ဆေးလျက် ရှိသည်။
ငါးပြတိုက်အတွင်း အပူချိန်မညီမျှခြင်းသည် မှန်များကွဲအက်မှု၏ အကြောင်းရင်းခံဖြစ်နိုင်ဖွယ်ရှိကြောင်း ရဲအရာရှိများက ပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်