၆ မေ
ဂျာမနီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ပြီးနောက် မေလအတွင်းမှာ ကျောင်းတွေနဲ့ ဈေးဆိုင်တွေ အားလုံးကိုပြန်ဖွင့်မယ့် အစီအစဉ်မူကြမ်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဗိုင်းရပ်စ်ပိုးကူးစက်မှု နည်းပါးသွားပြီးနောက် ဧပြီ ၂၀ ရက်နေ့ကစပြီး ပထမခြေလှမ်းအနေနဲ့ ဆိုင်တွေ ပြန်ဖွင့်ခဲ့ပေမယ့် ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် နည်းပါးခဲ့သလို ဒုတိယအကြိမ်အဖြစ် ကျယ်ကျယ်ပြန့်ပြန် ကူးစက်မှု မရှိတာကြောင့် နယ်စပ်ဂိတ်တွေပါ ပြန်ဖွင့်ရေး လုပ်ဆောင်ဖို့ ရှိနေပါတယ်။
လက်ရှိအချိန်အထိ စာမေးပွဲဖြေဆိုမယ့် ကလေးတွေအတွက် စာသင်ခန်းတွေ ပြန်ဖွင့်ပေးပြီး ဖြစ်ပါတယ်။ လာမယ့်သီတင်းပတ်မှာ မူကြိုကျောင်းများနဲ့ မူလတန်းကျောင်းများကို ပြန်ဖွင့်ပေးဖို့ရှိပါတယ်။ ကျောင်းသားတွေအတွက် သင့်တော်တဲ့ ကျန်းမာရေး စည်းမျဉ်းနဲ့ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာ နေရေး စည်းကမ်းတွေပါရှိကြောင်း သိရပါတယ်။
ဝန်ကြီးချုပ် အန်ဂလာ မက်ကယ်နဲ့ ဖယ်ဒရယ်ပြည်နယ် ၁၆ ခုရဲ့ ဝန်ကြီးချုပ်တွေဟာ ဖြေလျော့ကြောင်း ဒီနေ့ ညနေပိုင်းမှာ လက်မှတ်ရေးထိုးမယ်လို့ မျှော်လင့်ရပါတယ်။ တက္ကသိုလ်တွေပြန်ဖွင့်ရေးကိုလည်း သက်ဆိုင်ရာ ဒေသတွေက ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။
ဆိုင်တွေဖွင့်လှစ်ရေးဆိုရာမှာ ဆိုင်ရဲ့ အကျယ် စတုရန်းပေ ၈၆၀၀ ခြားပြီး ဈေးပြန်လည် ရောင်းချခွင့် ပေးထားကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP