၃၀ ဒီဇင်ဘာ

ဂျာမနီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် ပထမဆုံးအကြိမ်အဖြစ် ၂၄ နာရီအတွင်း သေဆုံးသူ ၁,၀၀၀ ကျော် ဖြစ်လာကြောင်း ကျန်းမာရေးဌာနမှ ဒီနေ့ (ဗုဒ္ဓဟူးနေ့)တွင် ထုတ်ပြန်ပါတယ်။

၂၄ နာရီအတွင်း သေဆုံးသူဟာ ၁,၁၂၉ ဦးရှိကြောင်း၊ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၂၃ရက်) မှာတော့ သေဆုံးသူဟာ ၉၆၂ ဦး ဖြစ်ကြောင်း ဂျာမန် Robert Koch Institute မှ ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၂၃ နဲ့ ၃၀ ရက်တွေမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူဟာ ၂၂,၄၅၉ ဦး ရှိနေတဲ့အတွက် ပိုးတွေ့သူ ပမာဏ တူနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဂျာမနီနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူဟာ ၃၂,၀၀၀ ကျော်ရှိနေတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ စနေနေ့ (ဒီဇင်ဘာ ၂၆ ရက်)တွင် စောင့်ရှောက်ရေးဂေဟာမှာ နေထိုင်တဲ့ အသက် ၁၀၁ နှစ်အရွယ် ဖွားဖွားတစ်ဦးကို Pfizer-BioNTech ထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ပထမဆုံးတစ်ဦးအနေနဲ့ ထိုးနှံပေးခဲ့ပါတယ်။

ဂျာမနီနိုင်ငံရဲ့ လူဦးရေ ၆၅ ရာခိုင်နှုန်းဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေး ထိုးနှံမှုခံယူရန် အသင့်ဖြစ်နေကြောင်း သိရပါတယ်။

MDN

ကိုးကား - AFP