၁၀ စက်တင်ဘာ
ဂျာမနီနိုင်ငံမှာ အာဖရိကဝက်တုပ်ကွေးပိုးကို ပထမဦးဆုံးအနေနဲ့ တွေ့ရှိကြောင်း ဒီကနေ့ (ကြာသပတေးနေ့) မှာ ကြေညာလိုက်ပါတယ်။ ဂျာမနီနဲ့ ပိုလန်နယ်စပ် ဘရန်ဒန်ဘတ် ဒေသမှာ တောဝက်သိုးတစ်ကောင်ဟာ ဝက်တုပ်ကွေးရောဂါကြောင့် သေဆုံးနေတာကိုတွေ့ရှိကြောင်းနဲ့ သံသယရှိတဲ့အတွက် စစ်ဆေးရာ အတည်ပြုနိုင်ခဲ့ကြောင်း ဂျာမနီစိုက်ပျိုးရေးဝန်ကြီးက ပြောပါတယ်။
အာဖရိကဝက်တုပ်ကွေးပိုးဟာ တောဝက်နဲ့ မွေးမြူရေးဝက်တွေ သေစေနိုင်တဲ့ပိုးဖြစ်ပေမယ့် လူသားတွေကို အန္တရာယ်မပေးနိုင်ကြောင်း သိရပါတယ်။ ဂျာမနီနိုင်ငံဟာ ဉရောပမှာ ဝက်သားထုတ်လုပ်တဲ့ အကြီးဆုံးနိုင်ငံဖြစ်ပြီး တစ်နှစ်ကို ဝက်သားတန်ချိန် ငါးသန်းလောက် ထုတ်လုပ်ကြောင်း သိရပါတယ်။ လက်တလောချိန်မှာ ဂျာမနီနိုင်ငံက ဝက်သားတွေကို ဈေးကွက်က အလိုရှိနေပါတယ်။ အာရှနိုင်ငံတွေမှာ ဝက်တုပ်ကွေးပိုး တွေ့ရှိတဲ့အတွက် ဝက်မွေးမြူရေးလုပ်ငန်းတွေက ဝက်အကောင်ရေသန်းချီ သတ်ပြီးနောက် တရုတ်နိုင်ငံက ဝက်သားမှာယူမှုတွေ များလာကြောင်း သိရပါတယ်။
ဂျာမနီနိုင်ငံက အသားထုတ်လုပ်ရေးလုပ်ငန်းမှ လုပ်သား ၁,၀၀၀ ကျော်ဟာ ဇွန်လမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တဲ့အတွက် လုပ်ငန်းတွေ ယာယီရပ်ဆိုင်းခဲ့ရပါတယ်။ ဘရန်ဒန်ဘတ် ဒေသထွက် ဝက်သားတွေကို တင်ပို့မှုမလုပ်ဘဲ လက်တလော ပိတ်ပင်သွားမှာဖြစ်ပေမယ့် ဂျာမနီနိုင်ငံရဲ တခြားဒေသထွက် ဝက်သားတွေကိုတော့ ဉရောပနိုင်ငံတွေကို ဆက်လက်တင်သွင်းသွားမယ်လို့ ဝန်ကြီးက ပြောပါတယ်။ အာဖရိက ဝက်တုပ်ကွေးဟာ ကြက်တုပ်ကွေးနဲ့ ဆက်စပ်မှုမရှိကြောင်း၊ ၂၀၀၉ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ကြက်တုပ်ကွေးကြောင့် လူပေါင်း ၁၈,၀၀၀ ကျော်သေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
MDN
ကိုးကား- AFP