မတ် ၁၀

ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့ရှိဘုရားကျောင်းတစ်ခုတွင် ယမန်နေ့ညနေပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူခုနစ်ဦးသေဆုံးပြီး အခြားရှစ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဂျာမန်သတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါပစ်ခတ်မှုသည် ညကိုးနာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခြောက်ဦးသေဆုံးကြောင်း ကနဦးသတင်းတွင် ဖော်ပြထားသည်။

ထို့နောက် ယင်းအဆောက်အဦ၏အပေါ်ပိုင်းတွင် လူသေလောင်းတစ်လောင်းထပ်မံတွေ့ရှိခဲ့ပြီး ထိုအလောင်းသည် ပြစ်မှုကျွန်းလွန်သူ၏အလောင်းဖြစ်နိုင်၊ မဖြစ်နိုင်ဆိုသည်ကို လတ်တလောတွင် ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

ယင်းသေနတ်သမားထွက်ပြေးသည့်သက်သေအထောက်အထားတွေ့ရှိခြင်းမရှိကြောင်း ရဲတပ်ဖွဲ့က ထပ်လောင်းပြောသည်။

ဟမ်းဘတ်မြို့တော်ဝန် ပီတာက ပစ်ခတ်ခံရမှုတွင် ထိခိုက်သေဆုံးခဲ့သူများ၏မိသားစုဝင်များအား ထပ်တူ ဝမ်းနည်းပူဆွေးကြောင်း ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့က ထိုသေနတ်သမားများအား လိုက်လံရှာဖွေရန် အစွမ်းကုန် ကြိုးစားလုပ်ဆောင်နေသည်ဟု ၎င်းက တွစ်တာတွင် ရေးသားဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို