ဖေဖော်ဝါရီ ၃
ဂျာမနီနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၂၀၈၀၀၀ ကျော်ရှိလာသည်။
နိုင်ငံအတွင်း ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၀၈၄၉၈ ဦးရှိကြောင်း ရောဘတ်ကို့အင်စတီကျု့က အတည်ပြုခဲ့သည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၀ သန်းကျော်ရှိသည်။
အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှုများ ဖြစ်ပွားလျက်ရှိရာ ကိုဗစ်ရောဂါနေ့စဉ်ကူးစက်မှုမှာ ၄၀၀၀၀၀ အထိရောက်ရှိနိုင်သည်ဟု ကျန်းမာရေးဝန်ကြီး ကာလ်လူတာဘတ်က ဆိုသည်။
အစိုးရက ပြည်သူများ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုခံယူရေး အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။ ယမန်နေ့ကအထိ နိုင်ငံလူဦးရေ၏ ၇၄ ဒသမ ၁ ရာခိုင်နှုန်းသည် ကိုဗစ်ကာကွယ်ဆေး အပြည့်အဝထိုးနှံမှုခံယူပြီးဖြစ်သည်။
ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို