၁၃ မေ
ဂျာမနီနိုင်ငံက ဗိုင်းရပ်စ်ပိုး မပျံ့နှံ့အောင် ထိန်းချုပ်တဲ့အနေနဲ့ ပိတ်ထားတဲ့ နယ်စပ်ဂိတ်တွေကို နောက်လလယ်မှာ ဖွင့်ဖို့ ရည်မှန်းထားကြောင်း ပြည်ထဲရေးဝန်ကြီးက သတင်းထောက်တွေကို ဒီနေ့(ဗုဒ္ဓဟူးနေ့)မှာ ပြောကြားခဲ့ပါတယ်။
ဉရောပအတွင်း လွတ်လွတ်လပ်လပ်သွားလာခွင့် ကို ဇွန်လလယ်ပိုင်းမှာ ခွင့်ပြုဖို့ ပြင်ဆင်ထားကြောင်း နဲ့ ဒီသီတင်းပတ်အတွင်းမှာ တချို့နယ်စပ်ဂိတ်တွေမှာ စစ်ဆေးမှုတွေကို စတင်ဖယ်ရှားသွားမယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့နှစ်လက ပိတ်ထားခဲ့တဲ့ လူဇင်ဘတ်၊ ဩစတြီးယား၊ ဆွစ်ဇာလန်နဲ့ ပြင်သစ်နိုင်ငံတွေရဲ့ နယ်စပ်ဂိတ်တွေကို လာမယ့် သောကြာနေ့ကစပြီး မိသားစု လည်ပတ်ခွင့်နဲ့ကုန်သွယ်ရေး ခရီးစဉ်တွေ ခွင့်ပြုမယ်လို့ သိရပါတယ်။

ဂျာမနီ ပြည်ထဲရေးဝန်ကြီး ဟော့ ဇီးဟိုဖာက လွတ်လပ်စွာ သွားလာခွင့် ရရှိရေးအတွက် အိမ်နီးချင်းနိုင်ငံတွေနဲ့ နှစ်နိုင်ငံ သဘောတူညီချက်ရရှိရေး ဆွေးနွေးပွဲတွေကို ဒီသီတင်းပတ်အတွင်း ပြုလုပ်သွားမယ်။ ဉရောပအဖွဲ့ဝင်နိုင်ငံ မဟုတ်တဲ့ အမေရိကန်နိုင်ငံနဲ့ ရုရှားနိုင်ငံတွေကိုတော့ တင်းကျပ်ချက်တွေကို အနည်းဆုံး ဇွန် ၁၅ အထိ ဆက်လက်ထားရှိမယ် လို့ ပြောပါတယ်။
ဂျမနီနိုင်ငံသားတွေကို ဇွန်လလယ်အထိ နိုင်ငံခြားခရီးစဉ်တွေ သွားလာခြင်းမပြုရန် သတိပေးချက်တွေ ရှိနေပါတယ်။
MDN
ကိုးကား - AFP