ဘာလင် ၈  ဩဂုတ်

ဂျာမနီနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုများကြောင့် ကျောင်းနှစ်ကျောင်း ပိတ်လိုက်ရသည့်အတွက် ရာနှင့်ချီသည့် ကလေးများကို အိမ်ပြန်ပို့ပေးခဲ့ရ ကြောင်း သိရသည်။

ဆရာတစ်ဦးတွင် ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း စမ်းသပ်တွေ့ရှိရပြီးနောက် လူးဝစ်ဆလပ်မြို့ရှိ ကျောင်းတစ်ကျောင်းမ ှကျောင်းသား ၈၀၀ ခန့်ကို နေအိမ်ပြန်ပို့ပေးခဲ့ရကြောင်းသိရသည်။

ပြီးခဲ့သည့် တနင်္လာနေ့ အလယ်တန်းကျောင်း စတင်ဖွင့်လှစ်သည့်အချိန်မှစတင်ကာ ကိုဗစ်-၁၉ ကူးစက်ခံထားရသည့် ကျောင်းဆရာမှာ စာသင်ချိန်တစ်ချိန်မှ မသင်ကြားရသေးသော်လည်း အခြားသော ကျောင်းဆရာ ၅၅ ဦးကိုမူ ကိုဗစ် -၁၉ ကူးစက်ခံရခြင်း ရှိမရှိ စစ်ဆေးသွားမည်ဖြစ်သည်။

ဗုဒ္ဓဟူးနေ့မတိုင်မီအထိကျောင်းကို ဆက်လက်ပိတ်သွားမည်ဖြစ်သည်။ ရိုစတော့ခ်ခရိုင်မှ မူလတန်းကျောင်းရှိ ကျောင်းသားတစ်ဦးတွင် ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်းတွေ့ရှိပြီးနောက် အခြားကျောင်းသား ၁၀၀ ကိုလည်း သီတင်းနှစ်ပတ်ကြာ သီးခြားစောင့်ကြည့်မှုများ ပြုလုပ်ထားကြောင်း သိရသည်။

အေအက်ဖ်ပီ