ဘာလင် ၁၆ မေ
ဂျာမနီနိုင်ငံ၏ တစ်ပတ်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမှာ လူဦးရေ ၁၀၀၀၀၀ တွင် ၉၆ ဒသမ ၅ ကျဆင်းသွားပြီး နှစ်လတာ အတွင်း ပထမဆုံးအကြိမ်အဖြစ် အနိမ့်ဆုံး ကျဆင်းသွားခြင်း ဖြစ်သည်ဟု ရောဘတ်ကိုချ် အင်စတီကျုက မေ ၁၄ ရက်တွင် ပြောသည်။
ကူးစက်မှုနှုန်းလျော့လာသည့်အတွက် အသွားအလာကန့်သတ် မှုများကို ဖြေလျှော့ရန် အခြေအနေဖြစ်လာခဲ့သည်။ အသွားအလာ ပိတ်ဆို့ကန့်သတ်မှုများထဲတွင် ညဘက်သတ်မှတ်အချိန်အတွင်း အပြင်မထွက်ရအမိန့်နှင့် အရေးမကြီးသည့်ဈေးဆိုင်များ ပိတ်ထား ရန်၊ စားသောက်ဆိုင်များ ပိတ်ထားရန်တို့ပါရှိသည်။
ကူးစက်မှုနှုန်း သိသိသာသာ လျော့နည်းလာသည့်အတွက် ယုံကြည်မှုရှိလာရသည်ဟု ကျန်းမာရေးဝန်ကြီး ဂျန်စပင်းက ဂျာမနီနိုင်ငံသည် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးရာတွင် မှတ်တမ်းသစ်တင်နိုင်ခဲ့ပြီး မေ ၁၂ ရက်တစ်ရက်တည်းတွင်ပင် လူပေါင်း၁ဒသမ၃၅ သန်းကျော်ကို ကာကွယ်ဆေးထိုးပေးနိုင်ခဲ့သည် ဟု သိရသည်။ကာကွယ်ဆေးနှစ်ကြိမ်စလုံးထိုးပြီးသူ၈ဒသမ၈သန်းရှိသည်ဟု သိရသည်။
ဆင်ဟွာ