မြူးနစ်ချ် ၂၂ ဇန်နဝါရီ 

ဂျာမနီနိုင်ငံတွင် ဗီဇပြောင်းကိုဗစ်- ၁၉ မျိုးစိတ်အသစ် ကူးစက်ဖြစ်ပွားမှုကို တားဆီးကာကွယ်ရန် ရည်ရွယ်သည့် လုပ်ငန်းစီမံချက်အသစ်များကို ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ်က ဇန်နဝါရီ ၂၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အစိုးရက လက်ရှိဆောင်ရွက်နေသည့် ကပ်ရောဂါဆိုင်ရာ စီမံဆောင်ရွက်ချက်များကိုလည်း လာမည့် ဖေဖော်ဝါရီ ၁၄ ရက်အထိ အချိန်ထပ်တိုးခဲ့သည်။ ယင်းစီမံချက်များတွင် ဈေးဆိုင်များကို ပိတ်ထားရန် ညွှန်ကြားထားသည်။
ထို့ပြင် ဂျာမနီနိုင်ငံသားများအနေဖြင့် အများပြည်သူသုံး ဆက်သွယ်ရေးလမ်းကြောင်းများတွင် စီးနင်းလိုက်ပါချိန်နှင့် စတိုးဆိုင်များအတွင်း ရှိနေချိန်များတွင် ပါးစပ်၊ နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင် ထားကြရန် အစိုးရက စည်းကမ်းထုတ်မည်ဖြစ်ကြောင်း ဂျာမနီဝန်ကြီးချုပ်က ပြောသည်။

ကုမ္ပဏီလုပ်ငန်းများအနေဖြင့်လည်း ၎င်းတို့၏ ဝန်ထမ်းများကို နေအိမ်မှနေ၍ အလုပ်လုပ်စေရန် ညွှန်ကြားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် အိန်ဂျလာမာကယ်က ပြောကြားခဲ့သည်။ 

အင်န်အိတ်ချ်ကေ