၅ ဒီဇင်ဘာ
Games of Thrones ဇာတ်ကား ပရိသတ်တွေအတွက်တော့ လာမယ့်နွေရာသီဟာ စိတ်လှုပ်ရှားမှုအပြည့်နဲ့ ဖြစ်နေမှာပါ။ HBO တီဗွီစီးရီးရဲ့ အအောင်မြင်ဆုံးဇာတ်လမ်းတွဲ ဖြစ်တဲ့ Games of Thrones ဇာတ်ကားဟာ မကြာခင်မှာပဲ ပြီးဆုံးတော့မှာပါ။ Games of Thrones ဇာတ်လမ်းတွဲဟာ အတွဲ ၈ မှာပဲ အဆုံးသတ်ပါတော့မယ်။ ဇာတ်လမ်းအဆုံးမှာတော့ ဘယ်ဇာတ်ကောင်ကတော့ ရာဇပလ္လင်မှာ ထိုင်ခွင့်ရမယ်၊ ဘယ်ဇာတ်ကောင်ကတော့ ဇာတ်လမ်းအဆုံးမှာအပြီးတိုင် အဆုံးသတ်သွားမယ်ဆိုတာ ဘယ်သူမှ မသိရသေးပါဘူး။
ဒါပေမယ့် ဂျွန်စနိုးအဖြစ် သရုပ်ဆောင်တဲ့ မင်းသား ကစ်ဟာရင်တန်ကတော့ ဒီဇာတ်လမ်းတွဲကို နောက်ထပ်တစ်ခါ ပြန်မလာတော့ဘူးဆိုတာကတော့ အသေအချာပါပဲ။ ဒါကြောင့်အနာဂတ်မှာ ဂျွန်စနိုးဇာတ်ကောင်ကို ထပ်တွေ့ရတော့မှာ မဟုတ်ပါဘူး။ မင်းသားကစ်ဟာရစ်တန်ကတော့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပွင့်ပွင့်လင်းလင်းပဲ ပြောပြထားပါတယ်။ ဂျွန်စနိုးဇာတ်ကောင်ကနေ အပြီးနှုတ်ဆက်ရတော့မှာ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ဒါပေမယ့်လည်း ဝမ်းမနည်းပါဘူး။ တကယ်လို့များ အခြားသူတွေလည်း ကျွန်တော့်လို ဒီဇာတ်လမ်းတွဲမှာ ဂျွန်စနိုးဇာတ်ကောင်ကနေ ၁၀ နှစ်နီးပါး သရုပ်ဆောင်ခဲ့ရင် ဒါဟာ သရုပ်ဆောင်တစ်ယောက်အတွက် ပုံမှန်အလုပ်တစ်ခု မဟုတ်ဘူးဆိုတာ နားလည်မှာပါလို့ ဖြေခဲ့ပါတယ်။
Games of Thrones မိသားစုကနေ ထွက်ခွာရတာကတော့ တကယ် စိတ်လှုပ်ရှားစရာပါပဲ။ ဒါပေမယ့် နောက်ထပ် ဒီဇာတ်လမ်းတွဲကို ပြန်လာဖို့တော့ စိတ်ကူး မရှိတော့ဘူးလို့ ကစ်ဟာရင်တန်က ဖြေခဲ့ပါတယ်။ နောက်ဆုံးအတွဲဖြစ်တဲ့ အတွဲ ၈ မှာ ဂျွန်စနိုးတစ်ယောက် ဘာတွေဆက်ဖြစ်မယ်ဆိုတာကို သိရဖို့ကတော့ ၂၀၁၉ ခုနှစ် ဧပြီလအထိ စောင့်မျှော်ကြည့်ဖို့ပဲရှိပါတယ်။
ဘောလိဝုဒ်လိုက်ဖ်